K pop

■ အစပိုင်းမှာ ကိုယ့်အဖွဲ့နာမည်ကို မကြိုက်ဘူးလို့ ဝန်ခံထားခဲ့ကြတဲ့ နာမည်ကျော် K-pop Idol များ

– – ဒီ Kpop-Idol တွေဟာ အစပိုင်းမှာတော့ သူတို့ရဲ့ အဖွဲ့နာမည်ကို ကြိုက်နှစ်သက်ခြင်းမရှိခဲ့ကြတာ…

K-pop အဖွဲ့တွေမှာ နာမည်ကလည်း အရေးပါပါတယ်။ အဖွဲ့နာမည်က ခေါ်လို့ကောင်းပြီး မှတ်ရလွယ်မှလည်း ပရိသတ်တွေကြား ပိုမိုရေပန်းစားမှာပါ။ လက်ရှိအောင်မြင်နေတဲ့ K-pop Idol တချို့ကတော့ သူတို့ရဲ့အဖွဲ့နာမည်ကို အစပိုင်းမှာ မကြိုက်နှစ်သက်ခဲ့ဘူးလို့ ပွင့်လင်းစွာ ဝန်ခံထားခဲ့ကြပါတယ်။

Girls’ Generation အဖွဲ့ဝင်များ

အင်တာဗျူးတစ်ခုမှာ SNSD အဖွဲ့ဝင်တွေက သူတို့ရဲ့အဖွဲ့နာမည်ကို အစပိုင်းမှာ ကြိုက်နှစ်သက်ခြင်းမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အထူးသဖြင့် သူမတို့ဟာ Eternity လို အင်္ဂလိပ်နာမည်မျိုးကို မျှော်လင့်ခဲ့ပြီး အဖွဲ့ဝင်တချို့ဆို ငိုတောင်ငိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဖွဲ့ဝင်တွေက သူတို့ရဲ့နာမည်ကို ကြိုက်နှစ်သက်လာပါတယ်။

Chen (EXO)

Radio Star ရဲ့ အပိုင်းတစ်ပိုင်းမှာ Chen က EXO ဆိုတဲ့နာမည်ကို ကြားကြားချင်း နည်းနည်းရှက်မိသလို ခံစားရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ Chen ဟာ EXO နဲ့ပတ်သက်ပြီး ဂုဏ်ယူနေရပါပြီ။

BTS

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ BTS အဖွဲ့ခေါင်းဆောင် RM က သူတို့အနေနဲ့ အဖွဲ့နာမည်ကို အစပိုင်း ၃ နှစ်လောက်မှာ တခြားသူတွေကို ထုတ်မဖော်ခဲ့ကြဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

TaeTiSeo

Girls’ Generation ရဲ့ Sub Unit ဖြစ်တဲ့ TaeTiSeo အဖွဲ့နာမည်ကို အစပိုင်းမှာ မကြိုက်နှစ်သက်ခဲ့ဘူးလို့ အဖွဲ့ဝင်တွေက အစီအစဉ်တစ်ခုမှာ ဖွင့်ဟခဲ့ဖူးပါတယ်။

-Chi Ko

Ref: Koreaboo

  • Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page