K pop

■ ထင်သလောက် မကောင်းလို့ Rating ကျပြီး ဝေဖန်ခံနေရတဲ့ Nevertheless ဇာတ်လမ်းတွဲ

— – – လိပ်ပြာကြည့်ရအောင်ဆိုတဲ့ အခန်းတွေ ပါဝင်ပေမဲ့လည်း ဝေဖန်ခံနေရတာ ဘာကြောင့်လဲဆိုတော့ …

JTBC က လက်ရှိထုတ်လွှင့်နေတဲ့ Nevertheless ဇာတ်လမ်းတွဲဟာ မထုတ်လွှင့်မီက ပရိသတ်စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ်။ 19+ အဖြစ် ကြေညာထားတာ ခေါင်းဆောင်အဖြစ် နာမည်ကျော်တက်သစ်စတွေဖြစ်တဲ့ Song Kang နဲ့ Han So Hee တို့ ပါဝင်ထားတာကြောင့် အတော်လေး စိတ်ဝင်စားမှု မြင့်တက်ခဲ့တာပါ။

ဒါပေမဲ့ တောင်ကိုရီးယားမှာ ပရိသတ်ကြည့်ရှုနှုန်းကို ဖော်ပြတဲ့ Nielson Korea ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ Nevertheless ဇာတ်လမ်းတွဲ ပထမပိုင်းဟာ Viewer Rating ( 2.2%) ပဲ ရှိခဲ့သလို၊ ဒုတိယပိုင်းကလည်း ပိုဆိုးပြီး (1.3%)သာ ရှိခဲ့ပါတယ်။

အခု Viewer Rating တွေကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ပုံစံမျိုးဖြစ်နေပြီး ပထမပိုင်းမှာတင် ခေါင်းဆောင်မင်းသား Song Kang ဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပရိသတ်အများစုကတာ့ Song Kang ဟာ Web Series နဲ့ပဲ သင့်တော်ပြီး ဇာတ်လမ်းတွဲ ရိုက်ဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုကြပါတယ်။

တခြားပရိသတ်တွေကတော့ Song Kang ကိုသာမက မင်းသမီး Han So Hee ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကျော်ကြားခဲ့တဲ့ The World of the Married ဇာတ်လမ်းတွဲက သရုပ်ဆေင်မှုတွေကို မမီဘူးလို့ ဆိုခဲ့ကြပါတယ်။

တချို့ပရိသတ်တွေကတော့ Nevertheless ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကိုက ပျင်းစရာကောင်းပြီး Rating မြင့် ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Law School, Itaewon Class, SKY Castle, The World of Married တို့လို နာမည်ကြီးဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်ခဲ့တဲ့ JTBC အနေနဲ့ အခုဇာတ်လမ်းကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာဘူးလို့ ဆိုနေကြပါတယ်။

Ref: Koreaboo

You cannot copy content of this page