— – – ပရိသတ်တွေ လွမ်းဆွတ်နေတဲ့ T-ara အဖွဲ့ဟာ ……. ထုတ်လွှင့်မယ့် ….
နာမည်ကျော် ကိုရီးယားအမျိုးသမီး အဆိုတော်အဖွဲ့ T-ara ကို အဖွဲ့ဝင်အစုံအလင်နဲ့ JTBC ရဲ့ နာမည်ကျော် Variety Show တစ်ခုဖြစ်တဲ့ ‘Knowing Brothers’ မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
ဇွန်လ (၂၉)ရက်က JTBC ရဲ့ ထုတ်ပြန်ချက်အရ T-ara အဖွဲ့ဝင်တွေဖြစ်တဲ့ Qri, Eunjung, Hyomin နဲ့ Jiyeon တို့ဟာ ဇူလိုင်လ (၁)ရက်နေ့ ရိုက်ကူးမယ့် ‘Knowing Brothers’ အစီအစဉ်မှာ ပါဝင်မယ်လို့ သိရပါတယ်။
သူတို့ (၄)ယောက် ပါဝင်တဲ့ T-ara အဖွဲ့ရဲ့ အပိုင်းကို ဇူလိုင်လလယ်လောက်မှာ ထုတ်လွှင့်မှာပါ။ ၂၀၀၉ မှာ ပွဲထွက်ခဲ့တဲ့ T-ara အဖွဲ့ဟာ သီချင်းကောင်းများစွာနဲ့ ကျော်ကြားခဲ့ပေမဲ့ အေဂျင်စီကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၁ မတ်လတုန်းကလည်း tvN ရဲ့ ‘On/Off’ အစီအစဉ်မှာ Jiyeon ပါဝင်တုန်းက T-ara အဖွဲ့ဝင် (၄)ဦးဟာ ပြန်လည်ဆုံစည်းခဲ့ကြပြီး ပရိသတ်တွေကတော့ သူတို့ အတူတကွရှိနေကာ ချစ်ခင်နေဆဲဖြစ်လို့ သဘောကျနေကြပါတယ်။
T-ara အဖွဲ့မှာ Qri, Eunjung, Hyomin, Boram, Soyeon နဲ့ Jiyeon တို့ (၆)ဦး ကာလရှည်လက်တွဲခဲ့ပေမဲ့ ၂၀၁၇ မှာ အေဂျင်စီကြောင့် Boram နဲ့ Soyeon တို့ နုတ်ထွက်ခဲ့ရပြီး အခုတော့ အဖွဲ့ဝင်(၄)ဦးပဲ ကျန်တော့တာ ဖြစ်ပါတယ်။
Ref: AKP