— – – ရယ်မောစရာတွေနဲ့ တွဲဖက်မြင်ရတဲ့ Lee Kwang Soo ကို Running Man က ထွက်ခွာပြီးနောက်မှာ …
Running Man အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Lee Kwang Soo ဟာ thriller ဇာတ်လမ်းတွဲဖြစ်တဲ့ ‘The Murderer’s Shopping List’ မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဇွန်လ (၂၉)ရက်မှာ Lee Kwang Soo ရဲ့ အေဂျင်စီဖြစ်တဲ့ King Kong က ဒီသတင်းကို အတည်ပြုခဲ့တာဖြစ်ပြီး သူတို့ရဲ့ မင်းသားအနေနဲ့ အဲဒီဇာတ်လမ်းတွဲမှာ ပါဝင်နိုင်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
‘The Murderer’s Shopping List’ က နာမည်ကျော် စာရေးဆရာ Kang Ji Young ရဲ့ ဝတ္ထုကို အခြေခံကာ ရိုက်ကူးမှာဖြစ်ပြီး လူ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်တတ်တဲ့ ရာဇဝတ်မှုတွေအကြောင်းကို ပြသမယ့် thriller ဇာတ်လမ်းတွဲဖြစ်ပါတယ်။
Lee Kwang Soo ကို အဲဒီဇာတ်လမ်းတွဲမှာ Convenience Store Cashier Ahn Dae Sung အဖြစ် ကမ်းလှမ်းထားတာဖြစ်ပြီး Ahn Dae Sung က မှတ်ဉာဏ်နဲ့ လေ့လာမှုအားကောင်းကာ အမှန်တရားကို မျက်ကွယ်မပြုနိုင်တဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။
Lee Kwang Soo ဟာ သိပ်မကြာခင်ကမှ သူ့ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အခြေအနေကို ‘Running Man’ က ထွက်ခွာခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေကို ဇောက်ချလုပ်သွားဖို့ ရှိနေပါတယ်။
Ref: AKP