K pop

■ Crash Landing on You နောက်ပိုင်း ပထမဆုံး ဇာတ်လမ်းတွဲ ပြန်ရိုက်တော့မဲ့ Son Yejin

– – -နာမည်ကျော် မင်းသမီး Son Yejin ဟာ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သွားတော့မှာ…

ဇွန်လ (၃၀) ရက်နေ့မှာMSTeam Entertainment က Son Yejin အနေနဲ့ JTBC က ထုတ်မဲ့ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သွားမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲအမည်ကတော့ 39 လို့အမည်ရပြီး ဒါဟာ Son Yejin အနေနဲ့ Crash Landing on You နောက်ပိုင်း ပထမဆုံး ပြန်လည်ရိုက်ကူးမဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အသက် (၄၀) နားကပ်လာတဲ့ သူငယ်ချင်း (၃) ယောက်ရဲ့ နေ့စဉ်ဘဝအကြောင်း၊ အချစ်ရေးအကြောင်းတွေကို ရိုက်ကူထားတာပါ။

Son Yejin ဟာ Cha Mijo ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ ပါဝင်သွားမှာဖြစ်ပြီး လိုချင်သမျှ အရာအားလုံးရတဲ့ ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာတဲ့ အရေပြားအထူးကုဆရာဝန်နေရာကနေ ပါဝင်သွားမှာပါ။

လက်ရှိမှာ 39 ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ Jeon Mido, Ahn Sohee, Yeon Woojin, and Lee Moosaeng တို့နဲ့ ဆွေးနွေးလျက်ရှိနေပါတယ်။ ဒီဇာတ်လမ်းတွဲကို သြဂုတ်လမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လွှင့်ပြသနိုင်ဖို့ ရည်ရွယ်ထားတာပါ။

39 ဇာတ်လမ်းတွဲဟာ အပိုင်း (၁၂) ပိုင်းသာ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

-Ref: Koreaboo

You cannot copy content of this page