K pop

■ Instagram မှာ ထပ်တိုးစံချိန်တွေ စိုက်ထူနေဆဲဖြစ်တဲ့ BTS အဖွဲ့ဝင်

—- ဒီ BTS အဖွဲ့ဝင် Instagram မှာ စံချိန်တွေ တင်လွန်းလို့ “INSTA LEGEND ? ” လို့တောင် ARMY တွေက ခေါ်ဝေါ်သမုတ်ကြ…

ဟုတ်ပါတယ်။ BTS အဖွဲ့ဝင် V ဖြစ်ပါတယ်။ BTS အဖွဲ့ဝင် V ဟာ မကြာသေးခင်က Instagram မှာ BTS အဖွဲ့က ထုတ်လွှင့်လိုက်တဲ့ Butter Album Concert ဓါတ်ပုံအသစ်နဲ့ စံချိန်တွေတင်ခဲ့တာဖြစ်ပါ တယ်။

27 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ V ရဲ့ ဓါတ်ပုံအသစ်ဟာ Instagram မှာ Like 1M ၊ 2M ၊ 3M ၊ 4M ၊ 5M ၊ 6M အမြန်ဆုံးဆက်တိုက်ရရှိတဲ့ အမြန်ဆုံးနဲ့ ပထမဆုံး Korean Male Idol အဖြစ် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

V ရဲ့ ဓါတ်ပုံဟာ ပို့စ်တင်ပြီး 26 မိနစ်အကြာမှာပဲ Like 1 သန်း ရခဲ့ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်သလို လက်ရှိအချိန်မှာလည်း Like 7သန်းကျော်သွားပြီဖြစ်ပြီးဖြစ်ပါတယ်။ BTS အဖွဲ့ဝင် V ဟာ ကိုယ်ပိုင် Instagram အကောင့်မရှိပေမယ့် BTS ရဲ့ Official အကောင့်ကနေပဲ တင်တဲ့ပို့စ်တွေနဲ့ စံချိန်တွေ စိုက်ထူနေတာဖြစ်ပါတယ်။

V ဟာ BTS အကောင့်မှာ Like 5 သန်းရှိတဲ့ Solo Photo Post 11 ခုရှိပြီး Like 6 သန်းရှိတဲ့ ပို့စ်က 6 ခုရှိကာ Like အများဆုံးရှိတဲ့ BTS အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ နောက်ပြီး Instagram မှာ Like 7.5 ရှိတဲ့ ပို့စ်ပိုင်ရှင် တစ်ဦးတည်းသော Male Idol အဖြစ်လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page