— TXT နဲ့ TWICE တို့ဟာ ဒီတစ်ပတ် Billboard 200 မှာ စံချိန်သစ်တွေ အသီးသီး စိုက်ထူခဲ့ကြ…
ဇူလိုင်လ 3 ရက်နေ့မှာ အဆုံးသတ်မယ့် ဒီတစ်ပတ် Billboard 200 Chart မှာ TXT အဖွဲ့ဟာ သူတို့ ရဲ့ နောက်ဆုံးထွက် Album နဲ့ 3 ပတ်ဆက်တိုက်ပါဝင်ရပ်တည်နိုင်တဲ့ ပထမဆုံး K-pop Artist အဖြစ် စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
TXT အဖွဲ့ရဲ့ “The Chaos Chapter: FREEZE” ဟာ ဒီတစ်ပတ် Billboard 200 Chart မှာ #82 မှာ ရပ်တည်ခဲ့ပြီး 2021 ထွက်တဲ့ K-pop Album တွေအားလုံးအနက် (၃)ပတ်ဆက်တိုက်ပါဝင်ရပ်တည်ခဲ့ ပထမဆုံး K-pop Artist Album ဖြစ်ခဲ့တာပါ။ သူတို့ရဲ့ “The Chaos Chapter: FREEZE” ဟာ ပထမ အပတ် #5 ရပ်တည်ခဲ့ပြီး ဒုတိယအပါတ်မှာ #34 ရပ်တည်နိုင်ခဲ့တာပါ။
သမိုင်းတစ်လျှောက် Billboard 200 Chart မှာ 3 ပတ်ဆက်တိုက်ရပ်တည်နိုင်တဲ့ K-pop အဖွဲ့ (5)ဖွဲ့ သာရှိခဲ့ပြီး သူတို့မှာ BTS, BLACKPINK, SuperM, NCT နဲ့ NCT 127 တို့ဖြစ်ပြီး အခုအခါ TXT ကပါ သမိုင်းထဲပါဝင်လာတာဖြစ်ပါတယ်။
ဆက်စပ်သတင်းတွေအရ TWICE အဖွဲ့ဟာလည်း ဒီအပတ် Billboard 200 Chart မှာ (2)ပတ် ဆက်တိုက်ပါဝင်ရပ်တည်ခဲ့ပြီး စံချိန်အသစ်တင်ခဲ့တယ်လို့ သိရပါတယ်။
TWICE အဖွဲ့ရဲ့ “Taste Of Love” Album ဟာ ဒီအပတ် Billboard 200 Chart မှာ #60 ရပ်တည် နိုင်ခဲ့ပြီး 2021 ခုနှစ်ထုတ် K-pop Female Album တွေအနက် (2)ပတ်ဆက်တိုက်ရပ်တည်နိုင်တဲ့ Album ဖြစ်ခဲ့သလို ဒီ Chart မှာ အချိန်ကြာဆုံးရပ်တည်နိုင်တဲ့ သူတို့ရဲ့ ပထမဆုံး Album လည်းဖြစ် ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က TWICE ဟာ Billboard 200 Chart မှာ စံချိန်တင် #6 ရပ်တည်နိုင်ခဲ့ပြီး ဒီ Chart မှာ အမြင့်ဆုံးရပ်တည်နိုင်တဲ့ ပထမဆုံး K-pop Female Mini Album အဖြစ် သမိုင်းစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
-m2t
Ref: Soompi