Celebrity

■ IU ဟာ အကောင်သေးပေမယ့် ကြီးမားတဲ့ နှလုံးလှပိုင်ရှင်လို့ ဝါရင့်မင်းသမီးကြီး ချီးကျူး

—- IU နဲ့ ခင်မင်မိတဲ့သူအားလုံးဟာ သူမအကြောင်းကို သိ…

မြန်မာပြည်က ပရိသတ်တွေနဲ့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင် Go Doo-shim က IU ဟာ အကောင်သာ သေးပေမယ့် ကြီးမားတဲ့ နှလုံးလှပိုင်ရှင်လို့ KBS’ television show ‘Problem Child in House’ အစီ အစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်စဉ် ချီးကျူးခဲ့ပါတယ်။

အဆိုပါ အစီအစဉ်အတွင်းမှာ မင်းသမီးကြီး Go Doo Shim ဟာ ရိုက်ကူးခဲ့တဲ့ ဒရာမာတွေအများအ ပြားမှာ မိခင်နေရာကနေ သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို ပြောခဲ့သလို အဲဒီသရုပ်ဆောင်ခဲ့တဲ့ကာ လအတွင်း သတိအရဆုံး သရုပ်ဆောင်က ဘယ်သူဖြစ်ခဲ့သလဲလို့ မေးမြန်းခံခဲ့ရပါတယ်။

အဲဒီအခါ Go Doo Shim က “ ရှိပါတယ်။ ကျွန်မ သတိအရဆုံးက IU ပါ။ ကျွန်မတို့ဟာ 2013 ခုနှစ် ထုတ် You Are the Best!’ ဒရာမာမှာ အတူတူ သရုပ်ဆောင်ခဲ့ဖူးကြပါတယ်။ IU ဟာ လူကောင်က သာသေးသေးလေးဖြစ်ပေမယ့် ကြီးမားတဲ့ နှလုံးလှပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ကြင်နာတတ်ပြီး အလိုက် လည်းသိတတ်တဲ့ ကောင်မလေးပါ။ အဲဒီအချိန်ကတည်းက အခုထိ ကျွန်မတို့ ဆက်သွယ်ဖြစ်နေတုန်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ပြီး Go Doo Shim က IU ဟာ မကြာသေးခင်က ကျွန်မ ရိုက်ကူးနေတဲ့ ရုပ်ရှင် ‘Everglow’ ရိုက်ကွင်းထံ ကျွန်မအတွက် Snack Truck လည်း ပေးပို့ခဲ့ပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“ ဒီအတွက် သူ့ကို ကျွန်မ အလွန်ကျေးဇူးတင်မိတာပါ။ Snack Truck မှာလည်း ‘ ချစ်လှစွာသော ကျွန်မရဲ့ အမေ Do Shim’ လို့လည်း ရေးသားထားပါတယ်။ အဲဒီတုန်းက IU ကလည်း ရုပ်ရှင်ရိုက် နေလို့ ကျွန်မလည်း ပြန်ပို့ပေးခဲ့ပါတယ်” လို့ Go Doo Shim က ပြောခဲ့ပါတယ်။

နောက်ပြီး IU ရဲ့ကောင်းကြောင်းတစ်ခုကိုလည်း Go Doo Shim က “ Everglow ရုပ်ရှင်မှာ IU ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Through the Night’ ပါဝင်ပါတယ်။ အဲဒီသီချင်းကို ကျွန်မနဲ့ Ji Hyun-woo တို့ အမြဲလိုလိုဆိုဖြစ်ခဲ့ကြပါတယ်။ အဲဒီသီချင်းဟာလည်း ရုပ်ရှင်ရဲ့ အဓိက Sound Track လိုဖြစ်နေတာ ပါ။ ကျွန်မဟာ IU ကို မင်းသီချင်းကို ငါတို့ရုပ်ရှင်မှာ အသုံးပြုချင်တယ်လို့ ပြောတဲ့အခါ သူမက ဒါပေါ့ သုံးပါ။ ကြိုက်တဲ့သီချင်းကို သုံး။ ကြိုက်သလောက်သုံး။ ဘာမှမဖြစ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်” လို့ ဖောက်သည်ချခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page