K pop

■ Jungkook ရဲ့ ပထမဆုံး ငိုခဲ့ဖူးတဲ့ ဇာတ်လမ်းကိုသိရင် ARMY တွေ မငိုကြေး

— အငယ်ဆုံးလေး Jungkook ဟာ BTS အစ်ကိုတွေအပေါ် ဘယ်လောက်ထိ ချစ်သလဲဆိုတာ ARMY တွေ သိကြတယ်မဟုတ်လား….

ပြီးခဲ့တဲ့ Star Show 360 အစီအစဉ်မှာတုန်းက Jungkook ကြောင့် အဖွဲ့ဝင်အားလုံးငိုခဲ့ရဖူးတဲ့ အခိုက်အတန့်ဇာတ်လမ်းတစ်ခုကို RM က ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ RM ရဲ့ ပြောဆိုပုံမရ CEO Bnag Si Hyuk ဟာ အဖွဲ့အားလုံးကို ခေါ်ပြီး Meeting ပြုလုပ်ခဲ့သလို ဘယ်သို့သော အခက်အခဲ အကျပ်အတည်းကိုမဆို ကျော်လွှားကိုင်တွယ်နိုင်ဖို့နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

အဲဒီမှာ အားလုံးဟာ Jungkook ကြောင့် ငိုကုန်ကြပါတယ်လို့ RM က ဆိုခဲ့ပါတယ်။ Jungkook ဟာ ပုံမှန်အားဖြင့် သူ့ရဲ့ခံစားချက်နဲ့ အခက်အခဲတွေကို ပြောပြတတ်သူမဟုတ်ဘဲ လူတွေကို အမြဲတမ်း အဆင်ပြေပါတယ်လို့ပဲ ပြောတတ်သူပါလို့ ဆိုပါတယ်။

ဒါပေမဲ့ Meeting လုပ်တဲ့အခါမှာတော့ ကျွန်တော်တို့ကို ကြည့်ပြီး Jungkook က “ အစ်ကိုတို့ ခက်ခဲ ပင်ပန်းနေတာကိုကြည့်နေရတာဟာ ကျွန်တော့်အတွက် အလွန်ခက်ခဲပင်ပန်းပါတယ်” လို့ ပြောခဲ့ တာပါ။ ကျွန်တော်အပါအဝင် အားလုံးက ရှော့ခ်ဖြစ်ခဲ့ကြသလို Jungkook ပထမဆုံးငိုတာကို တွေ့ ဖူးခဲ့တာလို့ RM က ပြောခဲ့ပါတယ်။

အဲဒီမှာ Jungkook ကလည်း ဘာကြောင့် သူငိုခဲ့ရသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့အစ်ကိုတွေ ဟာ စိတ်ပိုင်းဆိုင်ရာ ကြိုးစားရုန်းကန်မှုတွေဖြစ်နေမှုကို မြင်တွေ့ရတာ အလွန်ဝမ်းနည်းမိသလို သူက လည်း ဘာမှမလုပ်ပေးနိုင်တာကြောင့် ပင်ပန်းခဲ့ရတာပါလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အစ်ကို တွေရဲ့ အကောင်းဆုံးဂရုစိုက်ပေးမှုနဲ့ ကြိုးစားမှုတွေကို အရောင်တင်ပေးမှုတွေကို ရရှိခဲ့လို့ ကျေးဇူး တင်မိပါတယ် လို့လည်း ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

 

You cannot copy content of this page