K pop

■ HYBE ရဲ့ CEO ရာထူးမှ Bang Si Hyuk အံ့အားသင့်ဖွယ် နုတ်ထွက်

— – – BTS ရဲ့ ခေါင်းကိုင်ဖခင်ဖြစ်တဲ့ Bang Si Hyuk ဟာ အံ့အားသင့်ဖွယ် … သူ့ရာထူးကို ယူမယ့်သူကတော့ …

ဇူလိုင်လ (၁)ရက်မှာတော့ HYBE က Bang Si Hyuk အနေနဲ့ ကုမ္ပဏီရဲ့ CEO (အမှုဆောင်အရာရှိချုပ်)ရာထူးက နုတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့ပြီး ဒီသတင်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

Bang Si Hyuk ကတော့ သူ့အနေနဲ့ CEO ရာထူးက နုတ်ထွက်ခဲ့တာဟာ ကုမ္ပဏီရဲ့ Board of Directors အဖွဲ့ရဲ့ ဥက္ကဌရာထူးအတွက် ပိုမိုအာရုံစိုက်ဖို့နဲ့ သီချင်းထုတ်လုပ်မှုပိုင်းတွေကို ပိုလုပ်ချင်တာကြောင့်လို့ ဆိုပါတယ်။

Bang Si Hyuk နုတ်ထွက်ခဲ့တာကြောင့် လစ်လပ်သွားတဲ့ HYBE ရဲ့ CEO ရာထူးကိုတော့ HYBE HQ ရဲ့ CEO ဖြစ်သူ Park Ji Won က တာဝန်ယူဆောင်ရွက်သွားမယ်လို့လည်း HYBE က ထုတ်ပြန်ခဲ့ပါတယ်။

HYBE ဟာ Scooter Braun’s Ithaca Holdings ကို ဝယ်ယူပြီးနောက်မှာ HYBE America ရဲ့ CEO တွေအဖြစ်
Lenzo Yoon နဲ့ Scooter Braun တို့ ဆောင်ရွက်နေပြီး HYBE Japan မှာ Han Hyun Rok က CEO အဖြစ် ဆောင်ရွက်နေကာ CEO အချုပ်ကတော့ Park Ji Won ဖြစ်လာခဲ့တာပါ။

HYBE ကတော့ ဒီခေါင်းဆောင်ပိုင်းအပြောင်းအလဲဟာ သူတို့ကို နောက်တစ်ဆင့်ရောက်အောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပြီး Global Corporation တွေ ပိုလုပ်လာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

Ref: Soompi

You cannot copy content of this page