K pop

■ ARMY တွေအတွက် Comfort အဖြစ်ဆုံး BTS သီချင်းကို BTS အဖွဲ့ဝင်တွေ ခန့်မှန်း

– – -ARMY တွေရဲ့အဖြေနဲ့ ပတ်သက်ပြီး BTS အဖွဲ့ဝင်တွေ အံ့အားသင့်ခဲ့ရပြီး…

Run BTS ရဲ့အပိုင်း (၁၄၄) မှာတော့ ထုံးစံအတိုင်း BTS အဖွဲ့ဝင်တွေဟာ ပျော်ပျော်ရွှင်ရွှင်ဂိမ်းတွေကို ဆော့ကစားခဲ့ကြပါတယ်။

အဲဒီမှာ BTS အဖွဲ့ဝင်တွေအနေနဲ့ ARMY တွေနဲ့ ပတ်သက်တဲ့ သီချင်းအကြောင်း ခန့်မှန်းခဲ့ကြတာပါ။ ဒါကတော့ ARMY တွေအတွက် Comfort အဖြစ်ဆုံးသီချင်းစာရင်းရဲ့ ဒုတိယနေရာမှာရှိတဲ့သီချင်းကို ခန့်မှန်းရတာ ဖြစ်ပါတယ်။

အဖွဲ့ဝင်အများစုကတော့ “2! 3!” နဲ့ “Mikrokosmos.” တို့ကိုပဲ အများဆုံး ခန့်မှန်းခဲ့ကြပါတယ်။ သူတို့အချင်းချင်း ခဏလောက်ဆွေးနွေးပြီးတဲ့အခါမှာတော့ BTS အဖွဲ့ဝင်တွေက Mikrokosmos ကိုပိုပြီး အာရုံရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ Jungkook ကတော့ Answer: Love Myself ကိုရေးခဲ့ပြီး J-Hope ကလည်း ဘာရေးလို့ ရေးရမှန်းမသိလို့ Answer: Love Myself ကိုပဲလိုက်ရေးခဲ့ပါတယ်။ အဆုံးသတ်မှာတော့ Jungkook နဲ့ J-Hope တို့ရဲ့အဖြေမှန်ခဲ့ပြီး အဖွဲ့ဝင်အများစု ရွေးထားတဲ့ Mikrokosmos ကတော့ အဆင့် ၅ မှာသာရှိတာပါ။

ဒီအဖြေက BTS အဖွဲ့ဝင်အများစုကို အံ့အားသင့်စေခဲ့ပြီး သူတို့သူငယ်ချင်းတွေက Mikrokosmos ကိုကြိုက်ကြကြောင်း မချင့်မရဲပြောဆိုခဲ့ကြပါတယ်။

-Ref:Koreaboo

You cannot copy content of this page