K pop

■ Seungri စစ်တပ်တရားလိုတွေ ထပ်ယုတ်မာပြီး ထောင် (၅)နှစ် ချဖို့ တောင်းဆို

— – – Military ဆိုတာ ဒီမှာတင် မကောင်းတာ မဟုတ်ဘူး။ ပြစရာ အထောက်အထားမရှိဘဲနဲ့ တရားရုံးကို အခုတောင်းဆိုတာမျိုးကတော့ ….

ဇူလိုင် (၁)ရက်က စွဲချက် (၉)ခုနဲ့ စွပ်စွဲခံထားရတဲ့ BIGBANG အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Seungri ကို တပ်တွင်း ကြားနာမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Seungri ကို စွဲချက်တင်ထားတဲ့ အမှုတွေကတော့ Act on the Aggravated Punishment, etc. of Specific Economic Crimes, violation of the Food Sanitation Act, embezzlement, violation of the Act on Special Cases Concerning the Punishment, etc. of Sexual Crimes, habitual gambling, violation of the Foreign Exchange Transactions Act, prostitution mediation, purchase of prostitution services နဲ့ special violence instigation တို့ဖြစ်ပါတယ်။

အဲဒီစွပ်စွဲချက်တွေထဲက (၈)ခုကို Seungri က ငြင်းဆန်ခဲ့ပြီး Foreign Exchange Transactions Act နဲ့ပတ်သက်ပြီးတော့ ဘာမှ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဇူလိုင် (၁) ရက် ကြားနာမှုမှာတော့ စစ်တပ်တရားလိုတွေက Seungri ကို ဘာအထောက်အထားမှ မပြနိုင်ဘဲ ထောင်ဒဏ် (၅)နှစ်နဲ့ ဒဏ်ကြေး ဝမ်သန်း (၂၀) ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်တပ်တရားလိုတွေက “စွပ်စွဲခံထားရသူဟာ နှစ်ပေါင်းများစွာ ရာဇဝတ်မှုတွကို ကျူးလွန်းခဲ့သူပါ။ သူက ကိုရီးယားအမျိုးသမီးတွေကို အသုံးချပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဆီက ငွေရှာပါတယ်။ ပြီးတော့ သူတို့နဲ့ အလောင်းအစားတွေ လုပ်ပြီးလည်း ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။ သူဟာ အဲဒီရာဇဝတ်မှုတွေက အကျိုးအမြတ်တွေ များစွာရယူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအပေါ် နောင်တမရ၊ ဝန်မခံတဲ့အပြင် မဟုတ်ဘူးလို့ ငြင်းနေပါတယ်”ဆိုပြီး တရားရုံးမှာ လျှောက်လွဲခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ်ကြားနာမယ့် ရက်စွဲကိုတော့ တရားရုံးက ဆုံးဖြတ်ရခြင်းမရှိသေးဘဲ သူတို့က နောက်ထပ်ကြားနာမယ့် ရက်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Ref: Soompi
Photo Credit: Xportsnews

You cannot copy content of this page