K pop

■ TS Shampoo ကြော်ငြာထွက်ပြီးနောက် GD ကို ရေချိုးခေါင်းလျှော်ပြဖို့ ကောင်မလေးတွေ တောင်းဆိုမှုမြင့်တက်

— – – သူတို့က King of K-Pop ကို Shampoo သုံးပုံကို လက်တွေ့ပြဖို့ … တကယ်တော့ သူတို့ ငမ်းဖို့ ဖြစ်မှာပါ …

စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက်မှာ G-Dragon ရဲ့ သီချင်းသစ်တွေကို ပရိသတ်တွေ မျှော်လင့်နေကြပေမဲ့ အခုထက်ထိတော့ ဂီတနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ မရှိသေးပါဘူး။

ဒါပေမဲ့ G-Dragon ရဲ့ ကျော်ကြားမှုနဲ့ လွှမ်းမိုးမှုဟာ လုံးဝမှေးမှိန်းခြင်းမရှိဘဲ Nike ပေါင်းပြီး ဖိနပ်ထုတ်တော့လည်း Website ကျတဲ့အထိ အားပေးခံရသလို၊ တရုတ်မှာ K-Pop ကို Ban ထားတောင် G-Dragon ရဲ့ ကြော်ငြာနဲ့ စဖွင့်ရတဲ့အထိ သူ့ရဲ့ Legacy က ကြီးမားဆဲပါပဲ။

ဇွန်လကုန်ပိုင်းကတော့ တောင်ကိုရီးယားရဲ့ National Shampoo လို့ တင်စားကြတဲ့ TS Shampoo ဟာ King of K-Pop နဲ့ သူတို့ထုတ်ကုန်ကို ကြော်ငြာခဲ့တာပါ။

မိနစ်ပိုင်းတောင် မရှိတဲ့ အဲဒီကြော်ငြာမှာ အသက် (၃၂)နှစ်ကျော်ပြီဖြစ်တဲ့ G-Dragon ရဲ့ Visual ဟာ အသက်နောက်ပြန် ဆွဲနေတယ်လို့ ပြောရလောက်အောင် နုပျိုလွန်းပြီး ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပရိသတ်တွေဟာ အဲဒီကြော်ငြာနဲ့ G-Dragon ရဲ့ ပုံရိပ်တွေကို ကြည့်လို့ မဝနိုင်ဖြစ်နေကြပါတယ်။

ဒါကြောင့် မိန်းကလေး ပရိသတ်တွေက ဆိုဖာပေါ်လဲှ၊ ထိုင်ခုံပေါ်ထိုင်ပြီး ဖုန်းပွတ်နေတာကြောင့် ဒီလောက် လန်းနေရင်း ရေများချိုးပြီး ခေါင်းသာ လျှော်ပြလို့ကတော့ အသက်ထွက်သွားနိုင်တယ်လို့ ဆိုနေကြပြီး G-Dragon ကို Shampoo သုံးပုံ လက်တွေ့ပြတဲ့အနေနဲ့ ရေချိုးခေါင်းလျှော်ပြဖို့ တောင်းဆိုနေကြတာပါ။

ပရိသတ်တွေက “မရတော့ဘူး။ ဒီထက် ပိုမြင်ချင်၊ တွေ့ချင်နေပြီ” “ခေါင်းလျှော်ရည် ကြော်ငြာဆိုတော့ ရေချိုးပြရမှာ မဟုတ်လား” “ဟိုဟာလေ မသိလို့ပါ ရှမ်ပူကြော်ငြာရင် ရေချိုးရင်း ခေါင်းလျှော်ပြရတာမဟုတ်ဘူးလား ကြည့်ချင်လို့တော့မဟုတ်ပါဘူး ဟီးဟီး” စတဲ့ မှတ်ချက်ပေါင်းများစွာ ရေးသားခဲ့ကြပြီး အဲဒီလိုတောင်းဆိုသူတွေထဲမှာ အံ့သြစရာကောင်းလောက်အောင် အမျိုးသားပရိသတ်တွေပါ ပါဝင်နေတာပါ။

Ref: NIE

You cannot copy content of this page