K pop

■ မျက်ရည်တွေနဲ့ တောင်းပန်ခဲ့တဲ့ Seungri ကြောင့် VIP တွေ ရင်ကွဲ

— – – ကိုယ့်ကြောင့် ကိုယ့်ကိုချစ်တဲ့သူတွေ နာကျင်ရတာကို မြင်ရတာလောက် …

လက်ရှိမှာ စစ်မှုတာဝန်ထမ်းဆောင်နေသလို၊ စွဲချက်တွေကို ဖြေရှင်းနေတဲ့ Seungri ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကြားနာမှုတစ်ခုမှာ BIGBANG အဖွဲ့ဝင်တွေအပါအဝင် သူနဲ့သက်ဆိုင်သူတွေအားလုံးကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

စွဲချက် (၉)ခုမှာ (၈)ခုကို ငြင်းဆန်ချေဖျက်ထားတဲ့ Seungri က သူ့အနေနဲ့ ဒီပြဿနာကြောင့် လဲပြိုသွားမှာ မဟုတ်ဘဲ ပြန်လည်တည်ဆောက်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။

Seungri က “ကျွန်တော် ပြန်လည်ရှင်သန်ပြီး အကောင်းဆုံးပြန်လာမယ်လို့ ကတိပေးပါတယ်။ ကျွန်တော့်ကြောင့် ခက်ခဲတဲ့ အချိန်ကာလတွေကို ရင်ဆိုင်နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အေဂျင်စီက တာဝန်ရှိသူတွေ၊ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ကိုချစ်ခင်အားပေးကြတဲ့သူတွေအားလုံးကို ကျွန်တော် အနူးအည့ွှတ်တောင်းပန်ပါတယ်”လို့ မျက်ရည်တွေနဲ့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Seungri ရဲ့အဲဒီ မျက်ရည်တွေနဲ့ တောင်းပန်မှုက BIGBANG အဖွဲ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ VIP တွေကို ရင်ကွဲပက်လက်ဖြစ်စေခဲ့ပြီး Seungri အတွက် ဆုတောင်းမေတ္တာတွေ ပို့သခဲ့ကြပါတယ်။

ပရိသတ်တွေက “Seungri မင်း တစ်ယောက်တည်း မဟုတ်ဘူး။ မင်းဘက်မှာ ငါတို့ ရှိတယ်” “မင်း ဘယ်တော့မှ အထီးမကျန်ပါဘူး” “ရင်တွေလည်း ကွဲနေပါပြီ” “ငါ မင်းကို ဘယ်တော့မှ ထားမသွားဘူး Seungri” “ငါတော့ မခံစားနိုင်ဘူး”စတဲ့ မှတ်ချက်ပေါင်းများစွာကို ရေးသားခဲ့ကြပါတယ်။

Ref: DV

You cannot copy content of this page