K pop

■ အနာဂတ် ထိပ်တန်းမင်းသမီးဖြစ်လာနိုင်သူကို Kim Hee Ae ဟောကိန်းထုတ်

– – – -Kim Hee Ae ဟောကိန်းထုတ်ခဲ့သလို သူမအနေနဲ့ ထိပ်တန်းသရုပ်ဆောင် ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဝါရင့်မင်းသမီးကြီး Kim Hee Ae ကတော့ The World Of The Married ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေအားလုံးရဲ့ ရင်ထဲကို ရောက်ခဲ့သူပါ။

Kim Hee Ae ဟာ အနုပညာလောကထဲ ကျင်လည်လာခဲ့တာ နှစ်ပေါင်း (၃၀) ကျော်တိုင် ကြာမြင့်လာခဲ့ပြီဖြစ်လို့ သူမရဲ့ အတွေ့အကြုံတွေကလည်း မနည်းမနောပါပဲ။ အင်တာဗျူးတစ်ခုမှာတော့ Kim Hee Ae က အနာဂတ်မှာ ထိပ်တန်းမင်းသမီး ဖြစ်လာနိုင်သူကို ခန့်မှန်းသွားခဲ့ပါတယ်။

Kim Hee Ae ခန့်မှန်းသွားခဲ့သူကတော့ Moonlit Winter” ဇာတ်ကားမှာ သူမရဲ့ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ I.O.I အဖွဲ့ဝင်ဟောင်း Kim So Hye ပါပဲ။ အဲဒီဇာတ်လမ်းထဲမှာ Kim So Hye ဟာ Kim Hee Ae ရဲ့ သမီးနေရာက သရုပ်ဆောင်ခဲ့ရတာပါ။

“Kim So Hye ဟာ ပြင်ဆင်မှုအားကောင်းပြီး သူမအနေနဲ့ ဇာတ်ညွှန်းကိုတောင် ကြည့်စရာမလိုတော့တဲ့အထိပါပဲ။ သူမလို သမီးတစ်ယောက် ကျွန်မ အမှန်တကယ်လိုချင်ပါတယ်။ ကျွန်မနဲ့ တွဲရိုက်တုန်းမှာ သူ့အနေနဲ့ တုန်လှုပ်မိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မအထင်မှာတော့ သူဟာ ယုံကြည်မှုရှိလွန်းတယ်။ သူမဟာ တောက်ပတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာမှာပါ”
-Kim Hee Ae

အသက် (၂၀) အရွယ်ရှိ Kim So Hye ဟာ I.O.I အဖွဲ့ ဖျက်သိမ်းပြီးနောက် သရုပ်ဆောင်ပိုင်းကို အဓိကလျှောက်လှမ်းနေသူဖြစ်ပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရတာကိုလည်း တွေ့ရပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page