K pop

■ UP10TION အဖွဲ့ဝင်တစ်ဦး COVID-19 ကူးစက်ခံရပြီးနောက် NCT, TREASURE အပါအဝင် K-Pop အဖွဲ့ တော်တော်များများ ဆေးစစ်ရမယ်

— – – နိုဝင်ဘာ (၂၉)ရက်မှာ UP10TION အဖွဲ့နဲ့အတူ ဖျော်ဖြေခဲ့တဲ့ K-Pop အဖွဲ့တွေအားလုံး စိုးရိမ်စရာ ….

ဒီနေ့ နေ့လယ်ပိုင်းက UP10TION အဖွဲ့ဝင် Bitto ဟာ COVID-19 ကူးစက်ခံခဲ့ရကြောင်း အတည်ပြုပြီးနောက် နိုဝင်ဘာ (၂၉)ရက်မှာ UP10TION အဖွဲ့နဲ့အတူ ဖျော်ဖြေခဲ့တဲ့ K-Pop အဖွဲ့တွေအားလုံး စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

UP10TION အဖွဲ့ဝင် Bitto ဟာ MBC’s Music Core and SBS’s Inkigayo တို့မှာ ပါဝင်ဖျော်ဖြေပြီးနောက် COVID-19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး အဲဒီ Music Show က ဝန်ထမ်းတွေအားလုံးနဲ့ အဲဒီ Music Show တွေမှာ UP10TION အဖွဲ့နဲ့အတူ ဖျော်ဖြေခဲ့တဲ့ K-Pop အဖွဲ့တွေအားလုံး ဆေးစစ်မှု ခံယူရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ BTOB 4U, IZ*ONE’s Minju, Natty, STAYC, WOODZ, DRIPPIN, woo!ah!, NCT, aespa, Bling Bling နဲ့ Norazo တို့ COVID-19 စစ်ဆေးမှု ခံယူထားပြီး Inkigayo’s MCs တွေ ဖြစ်တဲ့ MONSTA X’s Minhyuk, NCT’s Jaehyun နဲ့ APRIL’s Naeun တို့ ဆေးစစ်မှု ခံယူရမှာပါ။

နိုဝင်ဘာ (၂၉) ရက်က Inkigayo မှာ UP10TION အဖွဲ့နဲ့အတူ NATTY, Norazo, DRIPPIN, LUCY, BAE173, Bling Bling, BTOB 4U, STAYC, Stray Kids, CNBLUE, AKMU, UP10TION, aespa, NCT U, woo!ah!, WOODZ, COOING နဲ့ TREASURE တို့ ပါဝင်ခဲ့ပြီး

နိုဝင်ဘာ (၂၈)ရက်က Music Core မှာ UP10TION အဖွဲ့နဲ့အတူ CNBLUE, BTOB 4U, AKMU, NCT U, Hui (with MJ), Stray Kids, aespa, Henry, Norazo, UP10TION, MOMOLAND, NATTY, woo!ah!, TREASURE, BAE173 နဲ့ Ahn Daeun တို့ ပါဝင်ခဲ့တာပါ။

အဲဒီအဖွဲ့တွေ၊ အနုပညာရှင်တွေအားလုံး COVID-19 စစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ဆိုးဆိုးရွားရွား ဖြစ်မလာဖို့ ပရိသတ်တွေက ဆုတောင်းနေကြပါတယ်။

— ဃဲ
Source: sports chosun & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page