K pop

■ သရုပ်ဆောင်အဖြစ်ပါ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်း အမျိုးသား Idol များ

သူတို့တွေဟာ သရုပ်ဆောင်နယ်ပယ်မှာပါ အောင်မြင်ကျော်ကြားမှုကို ရရှိနေတဲ့ ထိပ်တန်း Idol တွေပါ။ ဒါကြောင့် သူတို့ဟာ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူဆိုတာ ယုံမှားစရာ မရှိပါဘူး။

Junho (2PM)

2PM အဖွဲ့ဝင်အဖြစ် ပွဲထွက်ခဲ့တဲ့ Junho ဟာ ၂၀၁၆ ခုနှစ်မှာတော့ MEMORY ကို ရိုက်ကူးရင် ဇာတ်လမ်းတွဲ နယ်ပယ်ထဲ ခြေဆန့်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ GOOD MANAGER (2017), RAIN OR SHINE (2018), WOK OF LOVE (2018), CONFESSION (2019) စတဲ့ ဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးခဲ့ပါတယ်။

Choi Siwon (Super Junior)

Super Junior အဖွဲ့ဝင် Choi Siwon ကလည်း သရုပ်ဆောင်နယ်ပယ်မှာ အောင်မြင်မှု ရရှိနေသူပါ။ ၂၀၀၄ ခုနှစ်မှာ မင်းသားအဖြစ် စတင်လျှောက်လှမ်းခဲ့ပြီး ၂၀၁၀ မှာတော့ သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်လာခဲ့ပါတယ်။

Yook Sungjae (BTOB)

BTOB အဖွဲ့ဝင် Yook Sungjae ကတော့ နာမည်ကျော် ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရတဲ့အထိ သူ့ရဲ့အောင်မြင်မှုက ကြီးမားခဲ့ပါတယ်။ School 2015 မှာ အဓိက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရင်း Yook Sungjae ဟာ သူ့ရဲ့သရုပ်ဆောင်နယ်ပယ်မှာ အောင်မြင်မှု ရယူနိုင်ခဲ့တယ်။ အဲဒီနောက် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ GOBLIN မှာ ပါဝင်ခဲ့ရပါတယ်။

D.O.(EXO)

EXO အဖွဲ့ဝင် D.O.ကတော့ သရုပ်ဆောင်ပိုင်းမှာပါ လျှမ်းလျှမ်းတောက်အောင်မြင်နေသူတစ်ယောက်ပါ။ ဇာတ်ကားတွေရော၊ ဇာတ်လမ်းတွဲတွေမှာပါ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရင်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။

Im Siwan (ZE: A)

ZE: A အဖွဲ့ဝင် Im Siwan ဟာလည်း သရုပ်ဆောင်နယ်ပယ်မှာ အောင်မြင်ကျော်ကြားမှု ရရှိနေတဲ့ K-pop Idol တစ်ယောက်ပါပဲ။ REPLY 1997 , MY CATMAN နဲ့ THE KING LOVERS တို့မှာ ပါဝင်ခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page