K pop

■ နာမည်ကျော် Idol အဖွဲ့ဝင် (၃) ယောက်ကို တစ်ချိန်တည်း ဖမ်းစားနိုင်ခဲ့တဲ့ တစ်ချိန်က ထိပ်တန်းမင်းသမီး

– – – ဒါ့အပြင် Han So Won ဟာ အဲဒီအဖွဲ့ကပဲ နောက်ထပ်အဖွဲ့ဝင်နှစ်ယောက်ဆီက မက်ဆေ့ချ်ထပ်ရခဲ့ပါတယ်။

Channel A က ထုတ်လွှင့်တဲ့ Heard It Through the Grapevine ရဲ့ နောက်ဆုံးအပိုင်းမှာ မင်းသမီး Han So Won က အတိတ်က သူမရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ထုတ်ဖော်ဖွင့်ဟသွားခဲ့ပါတယ်။

အဲဒါကတော့ သူမကို တစ်ချိန်တုန်းက အလွန်ကျော်ကြားတဲ့ အမျိုးသားအဖွဲ့တစ်ဖွဲ့ရဲ့ Idol (၃) ယောက်က တစ်ပြိုင်တည်း စိတ်ဝင်စားမှု ပြခဲ့တယ်ဆိုတဲ့အကြောင်းပါပဲ။ သူမအနေနဲ့ အရင်ဆုံး အဲဒီအဖွဲ့အဝင်တစ်ယောက်ဆီကနေ မက်ဆေ့ချ်ရခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

“ကျွန်မတစ်ခါက အလွန်ကျော်ကြားတဲ့ Idol တစ်ယောက်ဆီက မက်ဆေ့ချ်ရခဲ့တယ်။ ‘သူ့ကို တွေ့ရတာ စိတ်ဝင်စားလားလို့ ကျွန်မကိုမေးခဲ့တယ်။ ကျွန်မ ပျော်သွားပါတယ်။ ကျွန်မကလည်း နည်းနည်းစိတ်ဝင်စားနေတာလေ”လို့ Han So Won ကဖွင့်ဟသွားခဲ့တာပါ။

ဒါ့အပြင် Han So Won ဟာ အဲဒီအဖွဲ့ကပဲ နောက်ထပ်အဖွဲ့ဝင်နှစ်ယောက်ဆီက မက်ဆေ့ချ်ထပ်ရခဲ့ပါတယ်။ “သူတို့အားလုံးက တစ်ဖွဲ့တည်းကပဲ။ ကျွန်မ အကြပ်ရိုက်သွားတယ်။ သူတို့တွေ ကျွန်မကို စနေတာလားပေါ့။ နောက်ဆုံးမှာ သူတို့ထဲက တစ်ယောက်နဲ့မှ ကျွန်မ မဒိတ်ခဲ့ဘူး”လို့ Han So Won က ဖွင့်ဟသွားခဲ့တာပါ။

ဆက်လက်ပြီး Han So Won သူတို့ဟာ အဲဒီအချိန်တုန်းက အလွန်နာမည်ကျော်ကြားသူတွေဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ Han So Won ဟာ တစ်ခေတ်တစ်ခါက ကျော်ကြားတဲ့မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page