K pop

■ Spotify မှာ စံချိန်သစ်တင်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင်

—- သူမဟာ Spotify သမိုင်းမှာ First Korean Solo Artist အဖြစ် စံချိန်သစ်…

Spotify သမိုင်းမှာ First Korean Solo Artist အဖြစ် စံချိန်သစ် တင်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင်ဆို တော့ BLINK တွေအနေနဲ့ Jennie ကိုပဲမြင်မိမယ်လို့ ထင်ပါတယ်။

ဟုတ်ပါတယ်။ BLACKPINK အဖွဲ့ဝင် Jennie ဟာ Spotify မှာ နောက်ထပ်စံချိန်တစ်ခုကို စိုက်ထူခဲ့ ပြန်တာဖြစ်ပါတယ်။ Jennie ရဲ့ Solo သီချင်းဟာ Spotify မှာ Stream သန်း 300 ပြည့်တဲ့ မိုင်တိုင် ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

Spotify သမိုင်းမှာ တောင်ကိုရီးယားအနုပညာရှင်သီချင်းတစ်ပုဒ်အနေနဲ့ Stream သန်း 300 ပြည့် တာ ပထမဆုံးအကြိမ်ဖြစ်ပြီး Jennie ဟာလည်း ဒီစံချိန်ကိုတင်ခဲ့တဲ့ First Korean Solo Artist အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလကတည်းက Jennie ရဲ့ Solo သီချင်းဟာ Spotify မှာ Psy ရဲ့ “Gangnam Style” သီချင်းကို ကျော်ဖြတ်ပြီး Stream အများဆုံး Korean Solo သီချင်းတစ်ပုဒ်ဖြစ်ခဲ့ တာပါ။ Jennie ဟာ Solo သီချင်းကို 2018 ခုနှစ် နိုဝင်ဘာလက ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အခုအချိန်အ ထိ ပရိသတ်တွေရဲ့ နှစ်သက်မှုကို ခံနေရတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page