—- 2021 ခုနှစ် နှစ်ဝက်မှာ BTS ဘယ်လောက်ထိ အလုပ်ရှုပ်သလဲဆိုတာကို သိချင်ရင်…
2021 ခုနှစ်ဟာ တစ်ကမ္ဘာလုံး COVID19 Pandemic တွေကြောင့် K-pop Artist တွေဟာ သူတို့ ချစ်တဲ့ ပရိသတ်တွေနဲ့ မတွေ့နိုင်တာပါ။ ဒါပေမဲ့ K-pop တွေရဲ့ ပေါ်ပြူလာဖြစ်မှုကတော့ မကျဆင်း သွားပါဘူး။
အထူးသဖြင့် ကမ္ဘာကျော် BTS အဖွဲ့ပါ။ 2021 ခုနှစ် နှစ်ဝက်ဟာ COVID 19 တွေကြောင့် ဘယ် လောက်ပဲ ခက်ခဲပါစေ BTS အဖွဲ့ရဲ့ အနားရတဲ့ အချိန်ကိုသိမယ်ဆိုရင် ARMY တွေ တုန်လှုပ်သွားမှာ ပါ။ မကြာသေးခင်က BTS အဖွဲ့ရဲ့ 2021 ခုနှစ် အလုပ်အချိန်ဇယားတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ လာခဲ့ပါတယ်။
အဆိုပါ BTS ရဲ့ အချိန်ဇယားဟာ ဇန်နဝါရီလ 1 ရက်နေ့ကနေ ဇွန်လ 30 ရက်နေ့အထိဖြစ်ပါတယ်။ သူတို့ရဲ့ အချိန်ဇယားကို ကြည့်မယ်ဆိုရင် BTS အဖွဲ့ဟာ နှစ်ဝက်အတွင်းမှာ နားရတဲ့အချိန်ဆိုလို့ 3 ရက်လောက်ပဲ ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ BTS အဖွဲ့ဟာ ဘယ်လောက်ထိ အလုပ်ရှုပ်သလဲဆိုရင် အချိန်ဇယားတွေက အပြည့်ဖြစ်နေတာဖြစ်ပါတယ်။
K Netizen တွေဟာ များပြားလှတဲ့ BTS ရဲ့ အချိန်ဇယားတွေကို မြင်ပြီး အံ့အားသင့်ခဲ့ကြသလို သူတို့ရဲ့ ဝန်များလှတဲ့အလုပ်တွေကြောင့် ကျန်းမာရေးထိခိုက်မှာကိုလည်း စိတ်ပူခဲ့ကြပါတယ်။
-m2t
Ref: Allkpop