— လက်ရှိအချိန်မှာ Alcohol Free သီချင်းနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ TWICE အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး ဒရာမာ OST သီချင်းကို သီဆိုမယ်လို့ သိရပါတယ်။
TWICE အဖွဲ့ဟာ လက်ရှိပြသနေတဲ့ Hospital Playlist Season 2 ဒရာမာအတွက် “I Love You More Than Anyone” Cover OST ကို သီဆိုမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ 1 ရက်နေ့က ပြသခဲ့တဲ့ Hospital Playlist Season 2 အပိုင်းမှာ TWICE သီဆိုထား တဲ့ “I Love You More Than Anyone” Cover OST ထွေလာကို ဖော်ပြခဲ့တာကြောင့် ONCE တွေ စိတ်လှုပ်ရှားခဲ့ကြပါတယ်။
အဆိုပါ TWICE ရဲ့ Cover OST “I Love You More Than Anyone” 1999 ခုနှစ်က ထုတ်လွှင့်ခဲ့ဲတဲ့ Bijou ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်ပြီး အခုအချိန်အထိ ဒရာမာတွေယူသုံးနေဆဲ့ OST သီချင်း တစ်ပုဒ်လည်းဖြစ်ပါတယ်။
ONCE တွေဟာ TWICE အဖွဲ့ရဲ့ ပထမဆုံး ဒရာမာ OST သီချင်း ထွေလာကို နားထောင်ပြီး သီချင်း အပြည့်ကို နားထောင်ဖို့ စိတ်လှုပ်ရှားနေကြပါတယ်။
Not gonna lie I'm hyped to watch the entire series because of TWICE 😭🧡 the number of times we dreamed of an OST by the girls is coming 🥺 #TWICE1stOST pic.twitter.com/KsWiMv9UQ0
— Jihyo's Pabo | AUs on 📌 (@JoshuaHyo) July 1, 2021
-m2t
Ref: Allkpop