– – – Jennie နဲ့ Rose’ တု့ိ လော့အိန်ဂျလိစ်ကို ရောက်နေတဲ့ ပဟေဠိကို နောက်ဆုံးမှာ YG က ထုတ်ဖော်ခဲ့ပြီဖြစ်ပြီး…
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက BLACKPINK အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie နဲ့ Rose’ တို့ဟာ အမေရိကန်၊ လော့အိန်ဂျလိစ်ကို ရောက်ရှိနေတာ ပရိသတ်တွေအနေနဲ့ သိရှိခဲ့ရပါတယ်။
ဇူလိုင်လ (၂) ရက်နေ့မှာ YG Entertainemnt က “Jennie နဲ့ Rose’ တို့ဟာ သီချင်းလုပ်ဖို့အတွက် ယူအက်ဖ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လအကုန်ပိုင်းလောက်မှာ ပရိသတ်တွေက Jennie နဲ့ Rose’ တို့ကို လော့အိန်ဂျလိစ်ရဲ့ စတိုးဆိုင်တစ်ခုရှေ့မှာ တွေ့မြင်ခဲ့ရပြီးနောက် ဒါဟာ နာမည်ကျော်တစ်ယောက်ယောက်နဲ့ Collab လုပ်ဖို့ဖြစ်နိုင်ကြောင်း ယူဆခဲ့ကြတာပါ။
လက်ရှိအချိန်မှာတော့ BLACKPINK အဖွဲ့ဝင်တွေ ပရောဂျက်ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတာပါ။ Lisa ဟာ သူမရဲ့ ပထမဆုံး Solo Album အတွက် ပြင်ဆင်နေပြီး Jisoo ကလည်း Snowdrop ဇာတ်လမ်းတွဲ ရိုက်ကူးလျက်ရှိနေတာပါ။ တလောတုန်းကလည်း BLACKPINK အနေနဲ့ (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် [4+1 PROJECT] ကို ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
-Ref: Koreaboo