– – – သူတို့ှနှစ်ယောက်ရဲ့ သီချင်းသစ်ကို Ryan Reynolds က သဘောကျနေတာဖြစ်ပြီး…
Stray Kids အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Bang Chan နဲ့ Lee Know တို့ဟာ Duet သီချင်းသစ် Drive ကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီသီချင်းကို STAYs တွေက အားပေးဝန်းရံခဲ့ပြီး ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒီအထဲမှာမှ နာမည်ကျော် STAYs အဖြစ် လူသိများတဲ့ Ryan Reynolds လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ နာမည်ကျော် Deadpool မင်းသားဟာ Stray Kids ရဲ့ ပရိသတ်သာမက အဖွဲ့ဝင်တွေနဲ့ပါ သိကျွမ်းသူပါ။
သူနဲ့ Bang Chan တို့ဟာ အချင်းချင်း လက်ဆောင်တွေတောင် ဖလှယ်ခဲ့ကြဖူးပါတယ်။ Ryan Reynolds ဟာ Stray Kids အဖွဲ့နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် တက်ကြွလှုပ်ရှားသူလည်း ဖြစ်ပါတယ်။ Drive ထွက်ရှိပြီးနောက် Ryan Reynolds ဟာ အဲဒီ Video အောက်မှာ Chris Reynolds အတွက်ရောက်လာတာ လို့လည်း မှတ်ချက်ရေးသားခဲ့ပါတယ်။
Chris Reynolds ဟာ Bang Chan ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ Bang Chan ဟာ သူ့ရဲ့ Bubble app ကို Chris Reynolds ဆိုပြီး နာမည်ပြောင်းလဲထားခဲ့တာပါ။ ဒီလိုမျိုး Stray Kids အဖွဲ့နဲ့ Ryan Reynolds တို့အကြား မြင်ကွင်းတွေက နှစ်ဖက်ပရိသတ်တွေအတွက် ကြည်နူးစရာ ဖြစ်ခဲ့ရပါတယ်။
-Ref: Koreaboo