K pop

■ K-pop Idol တွေထဲမှာ Fancam နဲ့ပတ်သက်ပြီးဒီလိုစံချိန်ရတာ V ပဲရှိတယ်

– – -V ဟာ Fancam နဲ့ပတ်သက်ပြီး ဂုဏ်ယူဖွယ်ရာ စံချိန်မျိုး ရယူနိုင်ခဲ့တာဖြစ်ပြီး…

BTS အဖွဲ့ဝင် V ဟာ Fancam (၁၁)ခု ကြည့်ရှုသူ (၁၀) သန်းကျော်တဲ့ ပထမဆုံး K-pop Idol အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ အဲဒီ Fancam (၁၁) ခုကို အောက်ပါအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

11. DNA (ကြည့်ရှုသူ – ၁၀.၀၀၄ သန်း)

ဒါကတော့ VIA Fansite ကရိုက်ကူးထားတာဖြစ်ပြီး Pyeongchang Olympic G-100 Concert က DNA Stage မှာပါ။

10. Go Go (ကြည့်ရှုသူ – ၁၀.၁ သန်း)

ဒီ Fancam မှာတော့ V ရဲ့ချစ်စရာကောင်းတဲ့ပုံစံကို တွေ့မြင်ရမှာပါ။

9. Boy With Luv (ကြည့်ရှုသူ -၁၀.၂ သန်း)

ဒါကတော့ Boy With Luv Fancam တွေထဲမှာ V ရဲ့ ပထမဆုံး (၁၀) သန်းကျော်တဲ့ Fancam ပါ။

8. Black Swan (ကြည့်ရှုသူ – ၁၀.၂၈ သန်း)

7. Baepsae (၁၁.၁ သန်း)

KAME1221 Fansite ကနေရိုက်ကူးထားတာဖြစ်ပြီး BTS ရဲ့ “The Most Beautiful Moment In Life” ဖျော်ဖြေမှုကပုံရိပ်ပါ။

6. Airplane Pt. 2 (ကြည့်ရှုသူ- ၁၁.၇ သန်း)

5. DNA (ကြည့်ရှုသူ -၁၃.၂ သန်း)

ဒီ Fancam ကတော့ V ရဲ့ Fancam တွေထဲမှာ ကြည့်ရှုသူ (၁၀) သန်းပြည့်မြောက်တဲ့ ဒုတိယမြောက် Fancam ပါ။

4. Pied Piper (ကြည့်ရှုသူ – ၁၃.၇ သန်း)

3. Mic Drop (ကြည့်ရှုူသူ – ၂၀.၇ သန်း)

2. ON (ကြည့်ရှုသူ – ၂၂.၁ သန်း)

1. Boy With Luv (ကြည့်ရှုသူ ၁၃၄.၆ သန်း)

ဒီ Fancam ကတော့ ဒုတိယ View အများဆုံး Fancam ထက်တောင် ၆ ဆလောက်ပိုများနေတာပါ။ ဒါ့အပြင် ဒီ Fancam ဟာ K-pop Idol တွေထဲမှာ ကြည့်ရှုသူအများဆုံး Fancam အဖြစ်လည်း မှတ်တမ်းဝင်နေတာပါ။

-Ref: koreaboo

You cannot copy content of this page