K pop

■ YouTube သမိုင်းမှာ Female K-Pop အဖွဲ့အနေနဲ့ လုပ်နိုင်တာ BLACKPINK တစ်ဖွဲ့တည်းလား

—- BLACKPINK အဖွဲ့ဟာ YouTube သမိုင်းမှာ Female K-pop အဖွဲ့အနေနဲ့ Top Ten စာရင်းမှာ..

ဇူလိုင်လ 2 ရက်နေ့က BLACKPINK အဖွဲ့ဟာ YouTube သမိုင်းမှာ လုံးဝင်အထင်ကြီးလေးစားစရာ ဖြစ်တဲ့ မှတ်တမ်းတစ်ခုကို ရေးထိုးခဲ့ပါတယ်။

မကြာသေးခင်က BLACKPINK အဖွဲ့ရဲ့ Selena Gomez နဲ့ Collaboration သီချင်း Ice Cream ဟာ YouTube Views သန်း 589.3 သန်းနဲ့ Like 16 သန်းမိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။

ဒါကြောင့် BLACKPINK အဖွဲ့ရဲ့ Selena Gomez နဲ့ Collaboration သီချင်း Ice Cream ဟာ YouTube သမိုင်းတစ်လျှောက် Views အများဆုံး Female K-pop Music Video Top Ten စာရင်းမှာ TWICE အဖွဲ့ရဲ့ TT သီချင်း Views ကို နှောက်ကောက်ချကာ နံပါတ် 10 နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

BLACKPINK အဖွဲ့ဟာ YouTube သမိုင်းတစ်လျှောက် Views အများဆုံး Female K-pop Music Video Top Ten စာရင်းမှာ နံပါတ် 1 ကနေ 9 အထိ နေရာယူထားတာဖြစ်ပြီး အခုအခါ Ice Cream ကပါ နံပါတ် 10 နေရာကို တက်ခဲ့တာကြောင့် Views အများဆုံး Female K-pop Music Video Top Ten စာရင်းအားလုံးကို သူတို့ Music Video တွေနဲ့ စိုးမိုးသွားခဲ့တာဖြစ်ပါတယ်။

YouTube သမိုင်းတစ်လျှောက် Views အများဆုံး Female K-pop Music Video Top Ten စာရင်း နဲ့ လက်ရှိ Views တွေကို ဖော်ပြရရင် …

1) “DDU-DU DDU-DU,” – 1.6 billion

2) “Kill This Love” – 1.3 billion

3) “BOOMBAYAH” – 1.2 billion

4) “As If It’s Your Last” – 1 billion

5) “How You Like That” – 906 million

6) “How You Like That” Dance Performance Video – 751 million

7) Jennie’s “SOLO” – 682 million

8) “Whistle” – 673 million

9) “Playing With Fire” – 663 million

10) “Ice Cream” with 589.3 million

-m2t
Ref: KpopstarZ

You cannot copy content of this page