K pop

■ U.S iTunes Album Chart မှာ ပထမဆုံး Female K-pop Artist အဖြစ် စံချိန်တင်ခဲ့တဲ့ LOONA

— LOONA ဟာ U.S မှာ ဘယ်လောက် ပေါ်ပြူလာဖြစ်တယ်ဆိုတာကို သက်သေပြတာလည်းဖြစ်…

LOONA ဟာ သူတို့ရဲ့နောက်ဆုံးထွက် Mini Album နဲ့ U.S iTunes Album Chart မှာ ပထမဆုံး Female K-pop Artist အဖြစ် စံချိန်တစ်ခုစိုက်ထူခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ 28 ရက်နေ့က LOONA ဟာ Mini Album အသစ် “[&]” (read as “and”) ကို ထုတ်လွှင့်ထားတာဖြစ်ပါတယ်။

စထွက်ပြီးကတည်းက LOONA ရဲ့ Album သစ်ဟာ များစွာသော နိုင်ငံတွေရဲ့ iTunes Album Chart မှာ #1 ရပ်တည်ခဲ့ပါတယ်။ ဇူလိုင်လ 2 ရက်နေ့မှာ “[&]” (read as “and”) Album ဟာ 36 နိုင်ငံရဲ့ iTunes Chart မှာ #1 ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် U.S ရဲ့ Album Chart မှာ #1 ရပ်တည်နိုင်ခဲ့ပြီး ပထမဆုံး Female K-pop Artist ဆိုတဲ့ စံ ချိန်ကို တင်ခဲ့ပါတယ်။ LOONA အဖွဲ့ရဲ့”[&]” (read as “and”) Album ဟာ U.S iTunes Chart မှာ #1 ရပ်တည်နိုင်တဲ့ အဖွဲ့ရဲ့ (၅)ခုမြောက် Album ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် LOONA အနေနဲ့ Debut လုပ်ပြီးကတည်းက ထွက်တဲ့ Album မှန်သမျှ U.S iTunes Chart မှာ #1 ရပ်တည်နိုင်တာဆိုရင်လည်းမမှားပါဘူး။ LOONA ဟာ မတူညီတဲ့ Album (၅)ခုနဲ့ U.S iTunes Chart မှာ #1 ရပ်တည်နိုင်တဲ့ ပထမဆုံး K-pop Female Artist လည်းဖြစ်ခဲ့ပါတယ်။

-m2t
Ref: KpopstarZ

You cannot copy content of this page