K pop

■ DNA နဲ့ BTS ဘာစံချိန်တင်ခဲ့သလဲ

—- BTS အဖွဲ့ဟာ DNA သီချင်းနဲ့ စံချိန်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

ဇူလိုင်လ 2 ရက်နေ့ ကိုရီးယားစံတော်ချိန် 11:55 PM မှာ BTS အဖွဲ့ရဲ့ DNA သီချင်းဟာ YouTube Veiws 1.3 ဘီလီယံပြည့်တဲ့ မိုင်တိုင်ကိုရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့် DNA ဟာ YouTube Views 1.3 ဘီလီယံမိုင်တိုင်ရောက်ရှိတဲ့ ပထမဆုံး Korean Boy Group MV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ DNA ဟာ 2017 ခုနှစ်၊ စက်တင်ဘာလ 18 ၊ 6PM မှာ ထုတ်လွှင့်ခဲ့တာကြောင့် Views 1.3 ဘီလီယံမိုင်တိုင်ရောက်ရှိဖို့ 3 နှစ်၊ 9လ၊ 14 ရက်နဲ့ 55 မိနစ် ကြာမြင့်ခဲ့ပါတယ်။

DNA ဟာ YouTube Views 1.3 ဘီလီယံမိုင်တိုင်ရောက်ရှိတဲ့ ပထမဆုံး Korean Boy Group MV ဖြစ်ပေမယ့် K-pop MV တွေအားလုံးအနက်မှာတော့ 5 ခုမြောက် MV ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ရဲ့ “Kill This Love” ၊ “DDU-DU DDU-DU” နဲ့ PSY ရဲ့ “Gangnam Style” ၊ “Gentleman.” တို့ဟာ 1.3 ဘီလီယံကျော်ကြတဲ့ MV တွေဖြစ်ပါတယ်။

-m2t
Ref: Soompi

 

You cannot copy content of this page