—- aespa အဖွဲ့ဟာ တကယ့်ကို Monster Power Rookie Group ဖြစ်ပါတယ်…
SM Entertainment က အမျိုးသမီးအဖွဲ့အသစ်ကို စင်တင်မယ်လို့ကြေညာပြီး aespa မိတ်ဆက်မှု တွေပြုလုပ်တော့ ထူးခြားတဲ့ Concert တွေ၊ အဖွဲ့ဝင်တွေရဲ့ Visual တွေကြောင့် ပရိသတ်တွေရဲ့ စိတ် ဝင်စားမှုကို ရရှိခဲ့ပါတယ်။
Black Mamba သီချင်းနဲ့ Debut လုပ်တော့လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို YouTube Views စံချိန်အချို့ကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။ ထပ်မံပြီး aespa အဖွဲ့ဟာ Next Level Single သီချင်းကို ထပ်ထုတ်ပြန်ခဲ့တော့လည်း MelOn’s 24H Charts မှာ #1 ရရှိတဲ့ ပထမဆုံး SM Entertainment Artist စံချိန်တွေအပါအဝင် စံချိန်များစွာကို ရယူနိုင်ခဲ့တာပါ။
အခုလည်း သူတို့ဟာ တရုတ်နိုင်ငံမှာ တရားဝင်ပရိုမိုးရှင်းမဆင်းရသေးပေမယ့် တရုတ်နိုင်ငံရဲ့ အကြီး မားဆုံး Music ဆိုက်တစ်ခုဖြစ်တဲ့ QQ Music မှာ မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။ aespa အဖွဲ့ဟာ QQ Music ဆိုက်မှာ Points 5 M ရရှိတဲ့ တစ်ခုတည်းသော Fourth-Generation Idol Group အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
Aespa အဖွဲ့ဟာ သီချင်းနှစ်ပုဒ်သာ ထုတ်လွှင့်ထားပြီး Black Mamba နဲ့ Next Level တို့ဟာ QQ Music ဆိုက်မှာ Points 5 သန်းရရှိခဲ့တာဖြစ်ပါတယ်။
-m2t
Ref: Allkpop