K pop

■ Pinterest မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol က ဘယ်သူလဲ

—- ဒီ BTS အဖွဲ့ဝင်ကို Social Media King လို့ခေါ်ကြတာ ဘယ်တော့မှမမှားတဲ့ အမှန်တရားတစ်ခုပါ ပဲ…

ပြီးခဲ့တဲ့နှစ်တွေက Google ၊ YouTube ပေါ်မှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့တာလည်း သူပါပဲ…

Twitter ပေါ်မှာလည်း နေ့စဉ်နဲ့အမျှ Mention ပေးခံရပြီး ပေါ်ပြူလာဖြစ်ကာ Most Liked Tweet တွေ Most Retweeted Tweet ကမ္ဘာ့စံချိန်တွေရရှိထားတာလည်း သူပါပဲ…

TikTok ပေါ်မှာလည်း အမြင့်ဆုံး Views တွေ တစ်ဦးချင်း Hashtag တွေရရှိထားတာလည်း သူပါပဲ…

Instagram မှာလည်း Like သန်းနဲ့ချီရရှိပြီး စံချိန်တွေတင်နေတာလည်း သူပါပဲ…

အခုလည်း နောက်ထပ် ပေါ်ပြူလာဖြစ်တဲ့ Social Media ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Pinterest မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol အဖြစ် ဖော်ပြခံနေရပြန်ပြီဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သူကတော့ BTS ရဲ့ Golden Maknae လေး Jungkook ပါ။

Jungkook ဟာ mid-2020 – mid-2021 အထိ ဒေတာအချက်အလက်တွေအရ Pinterest ပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol ဖြစ်ခဲ့တာပါ။ Pinterest ဟာ လစဉ် ကမ္ဘာအနှံ့ Active User 459 သန်းရှိတဲ့ ပေါ်ပြူလာ ဆိုက်တစ်ခုဖြစ်ပါတယ်။

Jungkook ဟာ သူ့ရဲ့နောင်တော်တွေဖြစ်တဲ့ V ၊ Jimin ၊ RM နဲ့ Suga တို့ကိုကျော်ဖြတ်ပြီး Pinterest ပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Idol အဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page