— ဇွန်လ တစ်လတာလုံး MelOn မှာ ရှာဖွေမှုအများဆုံး K-pop Boy Group တွေက ဘယ် Group တွေလဲ…
မကြာသေးခင်က ပြီးခဲ့တဲ့ ဇွန်လ တစ်လတာလုံး MelOn Music Chart မှာ ရှာဖွေမှုအများဆုံး K-pop Boy Group Top Ten စာရင်းထွက်ပေါ်လာခဲ့ပါတယ်။ Butter နဲ့ Billboard Hot 100 မှာ 5 ပတ်ဆက် တိုက်သမိုင်းဝင်စံချိန်တွေရရှိခဲ့တဲ့ BTS အဖွဲ့ဟာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။
BTS အဖွဲ့ဟာ 830,024 ရှာဖွေမှုအရေအတွက်နဲ့ ထိပ်ဆုံးမှာရပ်တည်ခဲ့တာပါ။ BTS ရဲ့နောက်မှာ SEVENTEEN အဖွဲ့က (301,984) နဲ့ ဒုတိယလိုက်ခဲ့သလို EXO ၊ BIGBANG တို့ကလည်း အစဉ် လိုက်ရပ်တည်ခဲ့ကြပါတယ်။ BIGBANG အဖွဲ့ဟာ အနုပညာလှုပ်ရှားမှုမလုပ်တာ နှစ်အတော်ကြာပြီ ဖြစ်ပေမယ့် ဇွန်လ ရဲ့ MelOn Music Chart မှာ ရှာဖွေမှုအများဆုံး K-pop Boy Group Top 5 စာရင်း ထဲပါဝင်လာမှုအပေါ် ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပါတယ်။
MelOn Music Chart မှာ ရှာဖွေမှုအများဆုံး K-pop Boy Group Top Ten စာရင်း
1. BTS – 830,024
2. SEVENTEEN – 301,984
3. EXO – 264,184
4. BIGBANG – 239,232
5. TXT – 176,526
6. 2PM – 145,927
7. SHINee – 134,670
8. NCT DREAM – 122,344
9. MONSTA X – 109,328
10. BTOB – 91,690
-m2t
Ref: KpopstarZ