– – – သူတို့ဟာ Radio Show ကို အာရုံမစိုက်ခဲ့ဘဲ လေးစားမှု မရှိဘူးလို့…
နာမည်ကျော် K-pop Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ NCT DREAM အဖွဲ့ဟာ Radio Show အစီအစဉ်မှာ ပါဝင်ရင်း လေးစားမှုမရှိတဲ့ လုပ်ရပ်ကြောင့် ကိုရီးယားပရိသတ်တွေရဲ့ ဝေဖန်တာကို ခံနေရပါတယ်။
KBS Cool FM ရဲ့ DAY 6 Kiss the Radio မှာ NCT အဖွဲ့ဟာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ မေးခွန်းတွေ အမေးခံခဲ့ရာမှာ NCT Dream အဖွဲ့ဝင်တွေက အာရုံစိုက်ခြင်းမရှိဘဲ မလေးမစား လုပ်ခဲ့တာလို့ ဝေဖန်ခံခဲ့ရတာပါ။
DJ Young K က “အနားထောင်ဖြစ်ဆုံး သီချင်းက ဘာလဲ”လို့ မေးခဲ့ရာမှာတော့ Jaemin က “ကျွန်တော် အနားထောင်ဆုံး သီချင်းတစ်ပုဒ်က…ပြဿနာပဲ။ ကျွန်တော် အနားထောင်ဆုံး သီချင်းက…”လို့သာ ပြောခဲ့ပြီး တိကျတဲ့ အဖြေကို ပေးခဲ့ခြင်း မရှိပါဘူး။
ဝါသနာသစ်ရှိလားလို့ မေးခဲ့ရာမှာလည်း “ဝါသနာသစ်လား။ ကျွန်တော့်မှာ တစ်ခုမှ မရှိပါဘူး”လို့ သာ ဆိုခဲ့ပါတယ်။ “နောက်ကျရတဲ့အကြောင်းပြချက်က ဘာဖြစ်မလဲ လို့မေးခဲ့ရာမှာလည်း နောက်ကျချင်လို့ နောက်ကျတာလို့ ဖြေခဲ့ပါတယ်။
ဒါ့အပြင် တခြားအဖွဲ့ဝင်တွေ စကားပြောဆိုရာမှာလည်း Jaemin က Sexy,Sexy လို့ အော်နေခဲ့ပါတယ်။ Chenle နဲ့ Mark တို့ကလည်း Radio Show ကို အာရုံစိုက်ခြင်းမရှိဘဲ ဆော့ကစားနေခဲ့တယ်လို့ K-Netizens တွေက ဝေဖန်ခဲ့ကြပါတယ်။ ထုတ်လွှင့်မှုအဆုံးသတ်မှာ Jeno က Chenle နဲ့ Mark တို့ရဲ့လုပ်ရပ်ကို သတိထားမိသွားပြီး ပြန်တောင်းပန်ခဲ့ပါတယ်။
ထုတ်လွှင့်မှုအပြီး DJ Young K နဲ့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ရာမှာလည်း Young K ကသာ ဦးညွှတ်တာ တွေ့ခဲ့ရပြီး အဖွဲ့ဝင်တွေကတော့ တစ်ယောက်မှ ဦးညွှတ်တာမျိုး မရှိခဲ့ပါဘူး။ ဒီလိုလုပ်ရပ်တွေနဲ့ပတ်သက်ပြီး K-Netizens တွေကတော့ DJ က သူတို့ထက် တစ်နှစ်စောပြီး စီနီယာကျကြောင်း၊ NCT DREAM အဖွဲ့ဝင်တွေရဲ့လုပ်ရပ်က မှားယွင်းကြောင်း ဝေဖန်ခဲ့ကြပါတယ်။
-Ref: Koreaboo