K pop

■ “Most Handsome K-pop Idol 2021” အဖြစ် ရွေးချယ်ခံရတဲ့ BTS အဖွဲ့ဝင်

—- “Most Handsome K-pop Idol 2021” အဖြစ် ရွေးချယ်ခံရတဲ့ BTS အဖွဲ့ဝင်လို့ဆိုရင် ARMY တွေအနေနဲ့ သတင်းမဖတ်ခင် ဘယ်သူ့ကို ပြေးမြင်မိသလဲ…

မကြာသေးခင်က KPOP VOTE (KV) အနေနဲ့ Poll ပြုလုပ်ခဲ့ပြီး BTS အဖွဲ့ဝင်တစ်ဦးက “Most Handsome K-pop Idol 2021” အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီ BTS အဖွဲ့ဝင်ကတော့ အခြား မဟုတ်ပါဘူး။ World Wide Handsome ကြီး Jin ဖြစ်ပါတယ်။

Jin ဟာ Face Of Genius လို့ K-pop ပရိသတ်တွေ ခေါ်ဝေါ်ကြတဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo ၊ နှစ်စဉ် TC Candeller ရဲ့ Most Handsome 100 စာရင်းမှာ ထိပ်ဆုံးနေရာတွေမှာ ရပ်တည်နေခဲ့ကြ တဲ့ BTS အဖွဲ့ ဝင် V နဲ့ Jungkook တို့ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံရတာဆိုရင်လည်း မမှားပါဘူး။

Jin ဟာ Vote 195920 နဲ့ “Most Handsome K-pop Idol 2021” သရဖူကို ရခဲ့တာဖြစ်သလို သူ့ရဲ့ နောက်မှာ အခြား BTS အဖွဲ့ဝင်တွေဖြစ်တဲ့ V နဲ့ Jungkook တို့က နံပါတ် 2 နဲ့ 3 တို့မှာ ရပ်တည်ခဲ့ တာဖြစ်ပြီး BTS ရဲ့ Three Visual Line ဟာ ထိပ်ဆုံးမှာ စိုးမိုးသွားခဲ့တာဖြစ်ပါတယ်။

Face Genius ဖြစ်တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo ကတော့ နံပါတ် 4 မှာရပ်တည်ခဲ့ပြီး Luxurious Visual တွေဖြစ်တဲ့ EXO အဖွဲ့ဝင် Kai ၊ Sehun ၊ Baekhyun တို့က 5 ၊ 6 ၊ 7 တို့က ရပ်တည်ခဲ့ကြပါတယ်။

နောက်ထပ် SEVENTEEN အဖွဲ့ဝင် Mingy နဲ့ KARD အဖွဲ့ဝင် BM ၊ GOT7 အဖွဲ့ဝင် Mark တို့က တော့ 8 ၊ 9 ၊ 10 တို့မှာ ရပ်တည်ခဲ့ပါတယ်။

-m2t
Ref: KpopstarZ

You cannot copy content of this page