K pop

■ ပွဲထွက်ပြီး ကတည်းက BTS အဖွဲ့ လက်မှတ်ရေးထိုးပေးတဲ့ Album ဘယ်လောက်ရှိသွားပြီလဲ

– — ပွဲထွက်ချိန်ကတည်းကဆိုတော့ BTS အဖွဲ့ လက်မှတ်ရေးထိုးပေးတဲ့ Album အရေအတွက်ဟာ….

တလောတုန်းက ဗီဒီယိုတစ်ခုမှာ BTS အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးထွက် ဂျပန် Album THE BEST အတွက်လက်မှတ်ရေးထိုးပေးနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုထဲမှာ Jungkook က “ကျွန်တော်တို့ဒီလို အများကြီး လက်မှတ်ရေးထိုးခဲ့ပြီးပြီနော်”လို့ ဆိုခဲ့ပါတယ်။ ပွဲထွက်ပြီးတဲ့ ၂၀၁၃ ခုနှစ်ကစရင် သူတို့အနေနဲ့ စီဒီချပ်ရေ (၁) သန်းကျော်လောက် လက်မှတ်ရေးထိုးပြီးသွားပြီလို့ Jimin က ယူဆလျက် ရှိပါတယ်။

ဒီနေရာမှာပဲ ပွဲထွက်ပြီးကတည်းက သူတို့ လက်မှတ်ရေးထိုးတဲ့ စီဒီချပ်ရေ ပမာဏအပေါ် BTS အဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ V ကတော့ သူတို့ လက်မှတ်ရေးထိုးပေးတဲ့ ပမာဏက (၂) သန်းကျော် ရှိလောက်တယ်လို့ ဆိုခဲ့ပါတယ်။

နောက်တော့မှ Jimin က သူတို့အနေနဲ့ ချဲ့ကားပြောဆိုနေဖြစ်နိုင်ပြီး စီဒီချပ်ရေ (၁) သိန်းကျော်လောက်ရှိနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အရေအတွက်ကို အတိအကျ ခန့်မှန်းဖို့ ခက်ပေမဲ့ နောက်ဆုံးမှာတော့ BTS အဖွဲ့ဝင်တွေက သူတို့အနေနဲ့ (၁) သိန်းကနေ အများဆုံး (၂) သိန်းကျော်အထိ လက်မှတ်ရေးထိုးဖြစ်ခဲ့ကြောင်း သုံးသပ်ယူဆခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page