K pop

■ Knowing Bros က T-ara ပါဝင်ထားတဲ့ အပိုင်းအတွက် Teaser ထွက်ပြီ

— – – နာမည်ကျော် Bo Peep Bo Peep သီချင်းဖျော်ဖြေမှုနဲ့အတူ T-ara အဖွဲ့ဝင်တွေ တစ်ယောက်ကို တစ်ယောက် …

JTBC က T-ara အဖွဲ့ ပါဝင်ထားတဲ့ Knowing Bros အပိုင်းအတွက် Teaser ကို ထုတ်ပြန်ခဲ့ပြီး ကြေညာထားတဲ့အတိုင်း T-ara အဖွဲ့ဝင်တွေဖြစ်တဲ့ Jiyeon, Hyomin, Eunjung နဲ့ Qri တို့ ပါဝင်ခဲ့ပါတယ်။

အဲဒီ Teaser အဖွင့်မှာ T-ara အဖွဲ့ဟာ သူတို့ရဲ့ နာမည်ကျော်သီချင်း Bo Peep Bo Peep ကို ဖျော်ဖြေခဲ့ပြီး အဲဒီနောက်မှာ T-ara အဖွဲ့ဝင်တွေဖြစ်တဲ့ Jiyeon နဲ့ Qri တို့ တစ်ယောက်နဲ့ တစ်ယောက် စကားလုံးတွေနဲ့ ဖိုက်ခဲ့ကြပါတယ်။

ဆက်ပြီးတော့ T-ara အဖွဲ့ဝင်တွေက K-Pop Idol တွေရဲ့ Dating အကြောင်းတွေ၊ K-Pop Idol တွေ ချိန်းတွေ့တတ်တဲ့ နေရာတွေ၊ သူတို့ ကြိုက်တာတွေကို ပြောဆိုခဲ့ကြပါတယ်။

နောက်ဆုံးပိုင်းလောက်မှာတော့ T-ara အဖွဲ့ဝင်တွေဟာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ သရဲအခြောက်ခံရတာတွေ၊ အချက်အပြုတ်စွမ်းရည်တွေ၊ သူတို့ရဲ့ တိုက်ကွမ်ဒိုစကေးတွေကို ပြသခဲ့ကြတာပါ။

T-ara အဖွဲ့ ပါဝင်ထားတဲ့ Knowing Bros အပိုင်းကို ဇူလိုင်လ (၁၀)ရက်မှာ ထုတ်လွှင့်မှာဖြစ်ပြီး အဲဒီအတွက် Teaser ကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်ရှုခံစားနိုင်ပါတယ်။

Ref: Soompi

You cannot copy content of this page