K pop

■ သူမရဲ့ အကောင့်ကို လွတ်ထားပေးပါလို့ ဟက်ကာကို တောင်းဆိုလိုက်တဲ့ Jennie

—- Jennie ဟာ Instagram အကောင့်မှာ ဟက်ကာတွေကို သူမရဲ့ ပုဂ္ဂိုလ်ရေး Instagram အကောင့်ကို လွတ်ထားပေးပါလို့ စာရေးပြီးတောင်းဆိုခဲ့ပါတယ်။

BLINK တွေအနေနဲ့ Jennie မှာ Instagram အကောင့်နှစ်ခုရှိတာ အားလုံးသိပါတယ်။ @jennierubyjane နဲ့ @lesyeuxdenini အကောင့်တွေဖြစ်ပါတယ်။ @lesyeuxdenini အကောင့်ဟာ Jennie ဒုတိယဖွင့်ထားတဲ့အကောင့်ဖြစ်ပြီး သူမရဲ့ ပရိသတ်တွေနဲ့ ပိုနီးစပ်နိုင်ဖို့ဖြစ်ပါတယ်။

အဲဒီအကောင့်မှာ သူမကိုယ်တိုင်နဲ့ အဖွဲ့ဝင်တွေရိုက်ထားတဲ့ ဓါတ်ပုံတွေ တင်လေ့ရှိသလို နေ့စဉ်ဘ၀ ဆွဲဆောင်မှုရှိတဲ့အရာလေးတွေကို တင်လေ့ရှိတာပါ။ ဒါပေမဲ့ Jennie ဟာ အဆိုပါအကောင့်နဲ့ Update မဖြစ်ခဲ့တာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဖြစ်ပါတယ်။

အခုမှ Jennie က သူမရဲ့အကောင့်ကို ဟက်ကာတစ်ဦးက ဟက်သွားတာလို့ ထုတ်ဖော်ပြောခဲ့တာပါ။ Jennie ဟာ မကြာသေးခင်ကမှ သူမရဲ့အကောင့်ကို ပြန်ရခဲ့ပုံပေါ်ပြီး Instagram Stories မှာ “ ဒီ အကောင့်ကိုပြန်ရဖို့ (၂)လနီးပါးကြာခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးကွက်လပ်ကလေးကို လွတ်ထားပေးပါ” ဆိုပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Jennie ဟာ BLACKPINK အဖွဲ့ရဲ့ ‘Lovesick Girls’ ပရိုမိုးရှင်းတွေပြီးဆုံးသွားလို့ အနားယူနေတာဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page