K Drama

■ ၂၀၂၁ ပထမနှစ်ဝက်အတွင်း Netflix မှာ ကြည့်ရှုများ အများဆုံးဖြစ်ခဲ့တဲ့ K Drama များ (၁)

— – – ကမ္ဘာ့တစ်ဝန်းမှာ ကြည့်ရှုမှုအများဆုံးဖြစ်ခဲ့တဲ့ K Drama (၁၀)ခုထဲက (အပိုင်း ၁ အဖြစ် ၁၀ မှ ၆ အထိ) ဖော်ပြ …

IT ခေတ်ဖြစ်နေတာရယ်၊ COVID ကြောင့် အပြင်ထွက်ဖို့ အရင်လို မလွတ်လပ်ရယ်ကြောင့် ရုပ်သံဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေက လူတွေအဖော်ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် You Tube, Netflix, Spotify တို့လို Platform တွေဟာ ကျော်ကြားလာပြီး ၂၀၂၁ ပထမနှစ်အတွင်း Netflix မှာ ကြည့်ရှုများ အများဆုံးဖြစ်ခဲ့တဲ့ K Drama တွေကတော့ …

10. Sweet Home


Song Kang, Lee Jin Wook, Lee Si Young နဲ့ Lee Do Hyun တို့ ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲက ၂၀၂၀ မှာ ထုတ်ခဲ့တာဖြစ်ပြီး မိဘမဲ့ကျောင်းသားလေးတစ်ယောက်ရဲ့ ဘဝအတွက် ရုန်းကန်ရပုံ၊ တိုက်ခိုက်ရပုံကို horror ဆန်ဆန်ရိုက်ကူးထားပါ။

9. Crash Landing on You


၂၀၁၉ မှာ ထွက်ခဲ့တဲ့ Romantic ဇာတ်လမ်းတွဲ Crash Landing on You ဟာ ထွက်တုန်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့သလို၊ အခုထိလည်း ပရိသတ်တွေကြား ကျော်ကြားနေတုန်းပါပဲ။ Hyun Bin, Son Ye Jin, Kim Jung Hyun နဲ့ Seo Ji Hye တို့ အဓိက ပါဝင်ထားပြီး မြောက်ကိုရီးယားဗိုလ်ကြီးနဲ့ တောင်ကိုရီးယားသူဌေးမလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ခံစားရမှာပါ။

8. Love Alarm


၂၀၁၉ ထွက် webtoon အခြေပြု ဒီဇာတ်လမ်းတွဲမှာ Kim So Hyun, Song Kang နဲ့ Jung Ga Ram တို့ အဓိက ပါဝင်ထားပြီး ဒီနေ့မော်ဒန် ဖုန်း App တစ်ခုကနေ ပေါ်ပေါက်လာတဲ့ လူငယ်တွေရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

7. Run On


ဒီနှစ်ထုတ် Sport Romance အမျိုးအစားဖြစ်ပြီး ZE:A အဖွဲ့ဝင် Swian, Shin Se Kyung, Girls’ Generation အဖွဲ့ဝင် Sooyoung နဲ့ Kang Tae Oh တို့ အဓိကသရုပ်ဆောင်ထားပါတယ်။ နာမည်ကျော် တာတိုပြေးသမားနဲ့ ရုပ်ရှင်သာဘာပြန်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။

6. Mine


Lee Bo Young, Kim Seo Hyung, Lee Hyun Wook နဲ့ Ok Ja Yeon တို့ အဓိက ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ ဒီနှစ်မှ ထွက်တာဖြစ်ပြီး ကျိကျိတက်ချမ်းသာတဲ့ အသိုင်းအဝိုင်းက အမျိုးသမီးနှစ်ယောက်ဟာ သူတို့ရဲ့ စစ်မှန်တဲ့ Identity ကို ရှာဖွေဖို့ ကြိုးစားတဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။

Source: FlixPatrol

You cannot copy content of this page