— – – ကမ္ဘာ့တစ်ဝန်းမှာ ကြည့်ရှုမှုအများဆုံးဖြစ်ခဲ့တဲ့ K Drama (၁၀)ခုထဲက (အပိုင်း ၂ အဖြစ် Hit အဖြစ် ဇာတ်လမ်းတွဲ ၅ ခု)ကို ဖော်ပြ …
IT ခေတ်ဖြစ်နေတာရယ်၊ COVID ကြောင့် အပြင်ထွက်ဖို့ အရင်လို မလွတ်လပ်ရယ်ကြောင့် ရုပ်သံဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေက လူတွေအဖော်ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် You Tube, Netflix, Spotify တို့လို Platform တွေဟာ ကျော်ကြားလာပြီး ၂၀၂၁ ပထမနှစ်အတွင်း Netflix မှာ ကြည့်ရှုများ အများဆုံးဖြစ်ခဲ့တဲ့ K Drama တွေကတော့ …
5. Law School
၂၀၂၁ ထုတ် Crime အခြေပြု ဒီဇာတ်လမ်းတွဲမှာ Kim Myung Min, Ryu Hye Young, Kim Bum နဲ့ Lee Jung Eun တို့ အဓိက ပါဝင်ထားပြီး ထိပ်တန်းဥပဒေတက္ကသိုလ်က ပရော်ဖက်ဆာရဲ့ သေဆုံးမှုမှာ ကျောင်းသားတွေ ပါဝင်ပတ်သက်နေတာကို စိတ်လှုပ်ရှားဖွယ် မြှုပ်ကွက်တွေနဲ့ ရိုက်ကူးထားတာပါ။
4. Tale of the Nine-Tailed
၂၀၂၀ ထုတ် fantasy romance အခြေပြုဇာတ်လမ်းတွဲဖြစ်ပြီး နှစ်ပေါင်းရာချီပြီး ရှင်သန်နေတဲ့ supernatural agent gumiho(မြေခွေး)နဲ့ တီဗွီပရိုကျူဆာ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ခံစားရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ Lee Dong Wook, Jo Bo Ah နဲ့ Kim Bum(အိုးမင်းသား)တို့ အဓိက ပါဝင်ထားပါတယ်။
3. The Uncanny Counter
Jo Byung Gyu, Yoo Jun Sang, Sejeong နဲ့ Yeom Hye Ran အဓိကသရုပ်ဆောင်ထားတဲ့ The Uncanny Counter ဇာတ်လမ်းတွဲဟာ ၂၀၂၀ မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး fantasy mystery အမျိုးအစားဖြစ်ကာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းပုံကို အဆန်းတကြယ်မြင်တွေ့ရမှာပါ။
2. Sisyphus: The Myth
Cho Seung Woo နဲ့ နာမည်ကျော်မင်းသမီး Park Shin Hye တို့ အဓိကအဖြစ် ပါဝင်ထားတဲ့ Sisyphus: The Myth က science-fiction thriller အမျိုးအစားဖြစ်ပြီး ဒီနှစ်မှာ ထွက်လာတပါ။ ကမ္ဘာ့ထိပ်တန်းလျှို့ဝှက်ကို ဖော်ထုတ်မယ့် genius engineer နဲ့ အနာဂတ်က အမျိုးသမီးတစ်ဦးရဲ့အကြောင်းကို ခပ်ဆန်းဆန်းပုံဖော်ထားတာပါ။
1. Vincenzo
Song Joong Ki, Jeon Yeo Been, Taecyeon နဲ့ Kim Yeo Jin တို့ အဓိကအဖြစ် ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၁ ပထမနှစ်ဝက်အတွင်း Netflix မှာ လူကြည့်အများဆုံး K Drama ဖြစ်ပါတယ်။ မာဖီးယားအသိုင်းအဝိုင်းမှာ ကျင်လည်ခဲ့တဲ့ ရှေ့နေနဲ့ ကိုရီးယားက ရှေ့နေမလေးတို့ ပေါင်းပြီး အားကြီးတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ပုံကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Source: FlixPatrol