— – – အဖုအထစ်တွေနဲ့ See-Through အင်္ကျီရဲ့ ပေါင်းစပ်မှုကတော့ ….
BTS အဖွဲ့မှာ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ပေမဲ့ Jungkook ရဲ့ ဆွဲဆောင်မှုတွေကိုတော့ ARMY တွေ တောင်ခံနိုင်စွမ်း မရှိလောက်အောင်ကို အဆွဲဆောင်ကြီး ဆွဲဆောင်နေတာပါ။
BTS အဖွဲ့ဟာ SiriusXM မှာ သူတို့ရဲ့ Butter သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။ အခု အဲဒီဖျော်ဖြေမှု Video Click တွေ ထွက်လာတဲ့အခါမှာတော့ See-Through အင်္ကျီနဲ့ Jungkook ကို မြင်ပြီး ARMY တွေ ပွက်လောရိုက်ကုန်ပါတယ်။
ရှပ်အင်္ကျီအောက်မှာ ဝတ်ထားတဲ့ အဖြူရောင် See-Through အင်္ကျီအောက်က Jungkook ရဲ့ ကြွက်သားတွေဟာ ကကွက်လှုပ်ရှားမှုနဲ့အတူ ယိမ်းနွဲ့နေတာကို မြင်တွေ့ရမှာပါ။
ARMY တွေကတော့ SiriusXM က See-Through အင်္ကျီနဲ့ ဖျော်ဖြေခဲ့တဲ့ Jungkook ကို မြင်ပြီးနောက်မှာ ဘယ်လို စိတ်လှုပ်ရှားရကြောင်း၊ Jungkook ဟာ ဘယ်လောက်ဆွဲဆောင်မှုရှိကြောင်း စတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
Ref: Koreaboo