K pop

■ ကိုယ်တုံးလုံးတည်းအိပ်နေစဉ် Sasaeng Fan တွေရဲ့ အခန်းထဲ ကျူးကျော်လာမှုကို ခံခဲ့ရဖူးတဲ့ Ok Taecyeon

—- Taecyeon တစ်ယောက် ကိုယ်တုံးတုံးတည်းနဲ့ ဟော်တယ်အခန်းထဲမှာ အိပ်နေစဉ် Sasaeng Fan တွေရဲ့ ကျူးကျော်ဝင်ရောက်လာမှုကို ခံခဲ့ရတာပါ…

အဆိုပါ ထိတ်လန့်ဖွယ်အကြောင်းကို 2PM အဖွဲ့အနေနဲ့ ဇူလိုင်လ 3 ရက်နေ့က ပြသခဲ့တဲ့ JTBC ရဲ့ တီဗီရှိုး ‘Knowing Brothers’ အစီအစဉ်မှာ ပါဝင်စဉ် Taecyeon က ဖွင့်ဟခဲ့တာပါ။

Taecyeon က “ ကျွန်တော်တို့ အရင်တုန်းက စင်ကာပူမှာ သွားရောက်ဖျော်ဖြေမှုပြုလုပ်စဉ်မှာ အဲဒီ ထိတ်လန့်ဖွယ်အဖြစ်အပျက်ကို ကြုံခဲ့ဖူးတာဖြစ်ပါတယ်။ Chansung နဲ့ ကျွန်တော်ဟာ ဟိုတယ်အခန်း တစ်ခန်းထဲမှာ အတူတူတည်းခိုခဲ့ကြတာပါ။

ကျွန်တော်တို့နှစ်ဦးစလုံးဟာ အခန်းထဲမှာဆိုရင် အဝတ်မပါဘဲ အိပ်စက်ကြတာပါ။ အဲဒီမှာ ကျွန်တော် တို့ အဝတ်မပါဘဲ အိပ်နေစဉ် ကျွန်တော်တို့ရဲ့ အခန်းကို Key Card နဲ့ ဖွင့်သံကြားခဲ့ရပါတယ်။ နောက် ပြီး အခန်းထဲကို မိန်းကလေး တစ်စုဝင်လာခဲ့ကြပါတယ်။ မိန်းကလေး 5 ယောက်၊ 6ယောက်လောက် ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

Taecyeon က အစကတော့ အဆိုပါမိန်းကလေးတွေဟာ အခန်းမှားပြီး ဝင်လာတာလို့ ထင်မှတ်ခဲ့ တယ်လို့ ဆိုပါတယ်။

“ သူတို့ဟာ အခန်းမှားလာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမှာရှိနေတာကို သိနေတာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ နှလုံးခုန်သံတွေ မြန်လာခဲ့ပါတယ်။ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အိပ်ယာနားနီးကပ် လာတဲ့အခါမှာ သူတို့ပုံစံကို ကြည့်ရတာ ကိုရီးယားတွေမဟုတ်ဘူးဆိုတာ ကျွန်တော်သိလိုက်ပါတယ်။

သူတို့ကို အင်္ဂလိပ်လို ကျိန်ဆဲတဲ့အခါမှာ သူတို့ကလည်း ပြန်ပြီး ကျိန်ဆဲကြတာပါ။ သရဲမဟုတ်ဘူးဆို တာတော့သိလိုက်ပေမယ့် Sasaeng Fan တွေဖြစ်နေတာပါ။ နောက်တော့ ဟိုတယ်လုံခြုံရေးကို ခေါ် ပြီး ပြောခဲ့တာကြောင့် သူတို့အမှားကြောင့် တာဝန်ရှိသူတွေက ကျွန်တော်တို့ ရှန်ပိန်တစ်ပုလင်း လက်ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်း ရှန်ပိန်သောက်လိုက်ရတာပေါ့”

-Taecyeon

-m2t
Ref: SBSstar

You cannot copy content of this page