K pop

■ Google ပြီးတော့ YouTube မှာပါ ရှာဖွေမှုအများဆုံးဖြစ်ခဲ့ပြန်တဲ့ BTS အဖွဲ့ဝင်

—- 2021 ခုနှစ် နှစ်ဝက် Google မှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့တဲ့ ဒီ BTS အဖွဲ့ဝင်ဟာ YouTube မှာလည်း…

2021 ခုနှစ် နှစ်ဝက် Google ရှာဖွေမှုအများဆုံး K-pop Idol စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့တဲ့ BTS အဖွဲ့ရဲ့ Golden Maknae လေး Jungkook ဟာ 2021 ခုနှစ် နှစ်ဝက် YouTube မှာ ရှာဖွေမှု အများဆုံး K-pop Idol စာရင်းမှာလည်း ဦးဆောင်ခဲ့ပြန်ပါပြီ။

ဇူလိုင်လ 4 ရက်နေ့က 2021 ခုနှစ် နှစ်ဝက် YouTube မှာ ရှာဖွေမှုအများဆုံး “Top 100 Youtube Worldwide Most Searched K-pop Idols (2021 Mid-year chart)” စာရင်းကို K-pop Idol Charts က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါစာရင်းဟာ 2021.01.01 ကနေ 2021.06.30 အထိ ဒေတာအချက်အလက်တွေဖြစ်ပြီး Jungkook က ထိပ်ဆုံးက ဦးဆောင်ခဲ့တာပါ။ Jungkook ဟာ ရှာဖွေမှု Index 877.78 ရရှိခဲ့ပြီး ဒုတိယနေရာမှာရပ်တည်နေတဲ့ နောင်တော် V ကို ရှာဖွေမှု Index 300 ကျော်အသာနဲ့ ပထမနေ ရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

Jungkook ဟာ ပြီးခဲ့တဲ့ 2019 ခုနှစ်၊ 2020 ခုနှစ် တစ်နှစ်တာလုံး YouTube ရှာဖွေမှု K-pop Idol စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာလည်း နှစ်ဝက် ဦးဆောင်ထားပြီဖြစ်လို့ နှစ်ကုန် ရင်လည်း သူပဲ ရပ်တည်ဖို့ များတာဖြစ်ပါတယ်။

Jungkook နဲ့ V တို့ရဲ့ နောက်မှာ နောက်ထပ် ဘယ်သူတွေ ရပ်တည်ခဲ့ကြသလဲဆိုတာကို…

-m2t
Ref: Allkpop

You cannot copy content of this page