— Red Velvet အဖွဲ့ဝင် Joy က သူမသာ Idol မဖြစ်လာခဲ့ရင် ဒီအလုပ်လုပ်ကို လုပ်ကိုင်နေမယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ GQ KOREA ဟာ Joy နဲ့ အင်တာဗျူးပြုလုပ်ထား တဲ့ ဗီဒီယိုဖိုင်ကို သူတို့ YouTube Channel မှာ တင်ခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးဗီဒီယိုမှာ Joy ဟာ ကြံကြံဖန်ဖန် မေးခွန်းတွေ အမေးခံရပြီး ဖြေဆိုမှုတွေပြုလုပ်ခဲ့တာပါ။
အဲဒီမှာ မေးခွန်းတစ်ခုက “ K-pop Star မဟုတ်ဘဲ ဘယ်အလုပ်ကို မင်းကြိုက်နှစ်သက်လဲ” လို့ ဖြစ်ပါ တယ်။ ဒါကို Joy က Red Velvet အဖွဲ့နဲ့ Debut မလုပ်နိုင်ခဲ့ရင် မူကြိုဆရာမ ဖြစ်နေလောက် တယ်ထင်တယ်လို့ ပြောခဲ့ပါတယ်။
Joy က “ ကျွန်မ မူကြိုဆရာမဖြစ်ချင်ပါတယ်။ ကလေးတွေနဲ့ သီချင်းဆိုရတာ၊ ကရတာကို တကယ် နှစ်သက်မြတ်နိုးပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်းစင်မှု၊ ချစ်စရာကောင်းမှုလေးတွေကိုလည်း ကြိုက် ပါတယ်။ နောက်ပြီး ကလေးတွေရဲ့ မခန့်မှန်းနိုင်တဲ့ ပြောဆိုမှု၊ ပြုလုပ်မှုလေးတွေကိုလည်း စိတ်လှုပ်ရှား မိပါတယ်” လို့ ပြောခဲ့ပါတယ်။
Joy ရဲ့ မူကြိုဆရာမဖြစ်ချင်တယ်ဆိုတဲ့ စကားကို ကြားပြီးတဲ့အခါမှာ ပရိသတ်တွေက အံ့အားသင့်ခဲ့ကြ ပြီး မူကြိုဆရာမဖြစ်လည်း ကလေးတွေကို နွေးထွေးတဲ့နှလုံးသား၊ ဖြူစင်တဲ့စိတ်ထားတွေနဲ့ ဆက်ဆံ လိမ့်မယ်လို့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်။
-m2t
Ref: SBSstar