— – – သူ့ရဲ့ Logic နဲ့ပတ်သက်လို့ လူတိုင်းတော့ သဘောတူဖို့ … သူက ထိပ်တန်း …
ကိုရီးယားနာမည်ကျော် ဂီတဝေဖန်ရေးသမား Kim Young Dae ဟာ ဂီတလောကမှာ K-Pop artists တွေရဲ့ လွှမ်းမိုးမှုကို တိုင်ပင်ဆွေးနွေးခဲ့ပြီး အဲဒီထဲမှာ BLACKPINK အဖွဲ့အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။
သူ့ရဲ့ကနဦး ပြောဆိုမှုက တော်တော်လေး ပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူမှာ အကြောင်းပြချက်တော့ ကောင်းကောင်း ရှိနေတာပါ။
Kim Young Dae က “သူတို့(BLACKPINK)ကို ခင်ဗျား မကြိုက်ဘူးဆိုရင် ခင်ဗျား လူမဟုတ်ဘူး(ရယ်လျှက်)”လို့ ပြောဆိုခဲ့တာပါ။
ဘာကြောင့်လဲဆိုတာနဲ့ ပတ်သက်လို့ BLACKPINK ဟာ ပါရမီနဲ့ ပြည့်စုံသလို၊ သူတို့မှာ အနုပညာ၊ ဖက်ရှင်ပိုင်း၊ ရုပ်ရည် အားလုံး အပြစ်ပြောစရာမရှိဘူးလို့ သူက ဆိုပါတယ်။
Kim Young Dae က “ဘာကြောင့်လဲဆိုတော့ သူတို့(BLACKPINK)ဟာ အဖွဲ့တစ်ခုအနေနဲ့ ကောင်းခြင်းများစွာကို ပိုင်ဆိုင်ထားလို့ပါပဲ။ သူတို့မှာ Swag တွေရှိတယ်။ Confidence မြင့်မားတယ်။ သူတို့က အရမ်းလှသလို၊ ချစ်စရာလည်း ကောင်းတယ်။ အဆိုနဲ့ အကလည်း အရမ်းကောင်းတယ်။ ပြီးတော့ သူ့တို့ရဲ့ပုံရိပ်တွေက အရမ်းမိုက်တယ်” လို့ ဆိုပါတယ်။
ယေဘုယျအားဖြင့် မင်းသာ ပုံမှန်လူတစ်ယောက်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်ထားတဲ့ ကောင်းခြင်းတွေကို ဘယ်လိုမှ မျက်ကွယ်မပြုနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
“တကယ်လို့ မင်းမှာ မနာလိုစိတ် မရှိဘူးဆိုရင်တော့ BLACKPINK အဖွဲ့ကို မကြိုက်ဘဲ နေဖို့ဆိုတာတော့ တော်တော်ခက်မှာပါ”လို့လည်း Kim Young Dae က ဆိုခဲ့ပါသေးတယ်။
ဆက်ပြီးတော့ Kim Young Dae က BLACKPINK အဖွဲ့မှာ သူ့ Bias ကတော့ Jennie ဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo