K pop

■ Kai ရဲ့ Solo Debut အတွက် Baekhyun ဘယ်လိုဂုဏ်ပြုပြီး အားပေးခဲ့

— နိုဝင်ဘာလ 30 ရက်နေ့ ကိုရီးယားစံတော်ချိန် 6PM မှာ Kai ရဲ့ Solo Debut Song ဖြစ်တဲ့ ‘Mmmh’ ထုတ်လွှင့်ခဲ့တာ EXO-L တွေအားလုံးသိပါတယ်။

Kai ရဲ့ Solo Debut တစ်ကမ္ဘာလုံးက EXO-L တွေဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်ဆိုင်းခဲ့ကြတာ မဟုတ်ပါလား။ EXO-L တွေနဲ့အတူ Kai ရဲ့ Solo MV ကိုစောင့်မျှော်နေပြီး အားပေးပြီး ပရိုမိုးရှင်း လုပ်ပေးဖို့ စောင့်ဆိုင်းနေတဲ့ EXO အဖွဲ့ဝင်တစ်ဦးလည်းရှိပါတယ်။ သူကတော့ Baekhyun ပါ။

Baekhyun ဟာ Kai ရဲ့ Solo MV ‘Mmmh’ မထုတ်လွှင့်ခင် (၅)မိနစ်အလိုမှာ သူ့ရဲ့ Twitter မှာ အခုလိုစာရေးသားခဲ့ပါတယ်။ “ (5)မိနစ်သာလိုတော့တယ်…Kai…ဝိုး..MV ကို ကျွန်တော်မြင်ခဲ့ပြီးပါပြီ။ ငါလည်း စိတ်လှုပ်ရှားနေပါတယ်။ Gentlemen !!! ပရိသတ်တွေ..ကျေးဇူးပြုပြီး စောင့်ကြည့်ကြပါ။ တကယ်ပြောတာပါ” ဆိုပြီး စာရေးသားခဲ့ပါတယ်။

နောက်တော့ ကိုရီးယားစံတော်ချိန် 6PM မှာ Kai ရဲ့ Solo MV ‘Mmmh’ ထွက်သွားပြီးတော့ Baekhyun က Twitter ပေါ်မှာ စာတင်ခဲ့ပြန်ပါတယ်။ “ MV ကို မကြည့်ရသေးတဲ့သူတွေရှိသလား။ တကယ့်ကိုပဲ အမိုက်စား။ Kai က အရမ်းမိုက်တယ်။ မနာလိုတောင်ဖြစ်နေပြီ။ သူ့ရဲ့ ခန္ဓာကိုယ်အလန်း ကြီး…အဲဒီအချိန်မှာ ကိုယ့်ဗိုက်ကြွက်သားကို ပြန်ကြည့်မိခဲ့…ငိုနေပါပြီ” လို့ ရေးသားခဲ့ပါတယ်။

Kai ရဲ့ Solo Debut ကို အားပေးပြီး ထောက်ခံခဲ့တဲ့ Baekhyun ရဲ့ အပြုအမူကို EXO-L တွေကို ကြွေ နေကြပြီး Baekhyun ရဲ့ နောက်ပြောင်မှုကိုလည်း သဘောတွေကြနေကြပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page