Cele

■ IU ရဲ့ အေဂျင်စီနဲ့ လက်တွဲလိုက်တဲ့ ထိပ်တန်းမင်းသမီး

— – – (၁၉)နှစ်ကြာ လက်တွဲလာတဲ့ အေဂျင်စီနဲ့ လမ်းခွဲပြီး IU ရဲ့အေဂျင်စီကို ရွေးချယ်ခဲ့တာပါ။

နာမည်ကျော် ကိုရီးယားထိပ်တန်းမင်းသမီး Shin Se Kyung ဟာ Namoo Actors နဲ့ လမ်းခွဲပြီး အဆိုတော်/မင်းသမီး IU ရဲ့ အေဂျင်စီနဲ့ လက်တွဲခဲ့တယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အသက် (၃၀)အရွယ်ရှိ Shin Se Kyung ဟာ (၁၉)နှစ်ကြာ လက်တွဲခဲ့တဲ့ Namoo Actors နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာတော့ KAKAO M ရဲ့ အခွဲကုမ္ပဏီတစ်ခုဖြစ်တဲ့ Edam Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။

Edam Entertainment ဟာ IU ပွဲထွက်ကတည်းက စောင့်ရှောက်ခဲ့တဲ့ မန်နေဂျာ တည်ထောင်ထားတာဖြစ်ပြီး IU တစ်ဦးတည်းက ဝန်ဆောင်မှုပေးနေရာကနေ အခု မင်းသမီး Shin Se Kyung ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုပါ ဆောင်ရွက်ပေးတော့မှာ ဖြစ်ပါတယ်။

Shin Se Kyung ဟာ ၁၉၉၈ ခုနှစ်မှာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၄ မှာတော့ ဂန္ထဝင်အဆိုတော်အဖွဲ့ Seo Taiji ရဲ့ “Take Five” သီချင်းမှာ ပိုစတာမော်ဒယ်အဖြစ် ပါဝင်ခဲ့ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်မှာ Run On ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီး Hindsight (2011), R2B: Return to Base (2012) and Tazza: The Hidden Card (2014) ဆိုတဲ့ ဇာတ်ကားတွေ၊ Deep Rooted Tree (2011), The Girl Who Sees Smells (2015), Six Flying Dragons (2015–2016), The Bride of Habaek (2017), Black Knight: The Man Who Guards Me (2017–2018), Rookie Historian Goo Hae-Ryung (2019) စရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page