Cele

■ လူမှုကွန်ရက်ကို လုံးဝအသုံးမပြုတဲ့ ထိတ်ထိတ်ကြဲ ကိုရီးယား Celebs (၇)ဦး

— – – FB, IG, Twitter စတဲ့ လူမှုကွန်ရက်တွေကို အသုံးမပြုတဲ့ အကြောင်းရင်းတွေကို သူတို့က ထုတ်ပြောထား …

Social Media လူမှုကွန်ရက်ဆိုတာ နာမည်ကျော်တွေအတွက်တော့ ငွေရလမ်းတစ်ခုဖြစ်ပြီး အတော်လေးလည်း သုံးကြပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ဟာ အဆိပ်အတောက်တစ်ခုလည်း ဖြစ်လို့ အသုံးမပြုဖို့ တိုက်တွန်းမှုတွေလည်း တစ်ဖက်က ရှိနေပါတယ်။ ဒီနာမည်ကျော် ကိုရီးယား Celebs (၇)ဦးကတော့ လူမှုကွန်ရက်ကို လုံးဝမသုံးပါဘူးတဲ့။

1. Gong Yoo

 

Gong Yoo က ဘဝမှာ မေ့ပျောက်ချင်တဲ့ အရာတွေ အမြဲတမ်းလိုလိုရှိတာကြောင့် သူ့အနေနဲ့ သူ့ဘဝ၊ သူ့ လုပ်ရပ်တွေကို လူမှုကွန်ရက်မှာ ဖော်ပြဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

2. Yoo Jae Suk


Yoo Jae Suk လူမှုကွန်ရက် မသုံးတာတော့ ရှင်းပါတယ်။ လူမှုကွန်ရက်ကို စွဲလန်းပြီး FB လေးပွတ်လိုက်၊ IG လေး ပွတ်လိုက်၊ Twitter လေး ကြည့်လိုက်နဲ့ တခြားအလုပ်တွေ ထိခိုက်မှာစိုးလို့ မသုံးပါဘူးတဲ့။

 

3. Song Joong Ki


နာမည်ကြီးမင်းသား Song Joong Ki ကတော့ မော်ဒန်နည်းပညာနဲ့ သိပ်ပြီး Used to မဖြစ်လို့ မသုံးပါဘူး။ သူမှာ IG အကောင့်ရှိပေမဲ့ အေဂျင်စီက ဖွင့်ထားတာဖြစ်ပြီး သူကိုယ်တိုင်တော့ သုံးခြင်းမရှိပါဘူး။

 

4. Park Bo Young


Park Bo Young ကတော့ သူမဟာ ခံစားလွယ်၊ ဒေါသထွက် လွယ်သူဖြစ်လို့ မဟုတ်တရုတ်တွေ တင်မိမှာစိုးတာကြောင့် လူမှုကွန်ရက်ကို မသုံးပါဘူးတဲ့။ သိပ်မကြာခင်က IG အကောင့်ဖွင့်ခဲ့ပေမဲ့ အေဂျင်စီပဲ အဓိက ကိုင်တွယ်တယ်လို့ ဆိုပါတယ်။

 

5. Kang Dong Won


Kang Dong Won ကတော့ အကြောင်း (၃)ခုကြောင့် Social Media ကို မသုံးပါဘူး။ (၁) သူ့မှာ ဘာမှ တင်စရာမရှိဘူး။ (၂) သူ့အကြောင်းနဲ့ ပတ်သက်ပြီး သူများတွေကို ရင်မဖွင့်ချင်ဘူး။ (၃) ပရိသတ်တွေနဲ့ အဆက်အသွယ်ဖြစ်မယ်လို့လည်း မမြင်ဘူး။ ဒါကြောင့် မသုံးဘူးလို့ ဆိုပါတယ်။

 

6. Kim Hee Won


Kim Hee Won က သူ့ရဲ့တစ်ကိုယ်ရေဘဝကို ပြည်သူလူထုကို ဖွင့်ဟလိုခြင်းမရှိသလို၊ သူ့အနေနဲ့ သူ့ဘဝနဲ့ပတ်သက်ပြီး Sharing လုပ်စရာလည်း မရှိတာကြောင့် လူမှုကွန်ရက် မသုံးဘူးလို့ ဆိုပါတယ်။

 

7. Dong Ha


လူမှုကွန်ရက်တွေကြောင့် ပြဿနာတွေ ကြုံရနိုင်တယ်လို့ Dong Ha က အတွေးရှိပါတယ်။ ဒါကြောင့် ပြဿနာ ဖြစ်လာတော့မှာ တောင်းပန်တာထက် ပြဿနာမဖြစ်အောင် ကာကွယ်တာ ပိုကောင်းတယ်လို့ ခံယူပြီး လူမှုကွန်ရက်ကို အသုံးမပြုတာပါ။

Ref: Koreaboo

You cannot copy content of this page