K pop

■ တရုတ် Idol တွေကို ကိုရီးယားမှာ လှုပ်ရှားခွင့်မပေးဖို့ သမ္မတအိမ်တော်ကို ပရိသတ်တွေ တောင်းဆို

— – – NCT Dream က စတဲ့ ပြဿနာဟာ ကြီးထွားလာပြီး ကိုရီးယား (၁၃၀၀၀)နီးပါးက အိမ်ပြာတော်ကို လက်မှတ် …

NCT Dream အဖွဲ့ရဲ့ ပြဿနာပေါ်ပေါက်ပြီး သိပ်မကြာခင်မှာ ကိုရီးယားပရိသတ်တွေဟာ တရုတ် Idol တွေကို ကိုရီးယားမှာ လှုပ်ရှားခွင့်မပေးဖို့ သမ္မအိမ်တော်(အိမ်ပြာတော်)ကို လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

NCT Dream အဖွဲ့ဟာ သိပ်မကြာခင်က သူတို့ရဲ့ repackage album ဖြစ်တဲ့ “Hello Future” ကို ပရိုမိုးရှင်း လုပ်တဲ့အနေနဲ့ KBS Cool FM ရဲ့အစီအစဉ်ဖြစ်တဲ့ “DAY6’s Kiss the Radio” ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ဟာ အဲဒီမှာ Show တင်ဆက်သူ လေးလေးစားစားဆက်ဆံခြင်းမရှိတဲ့အပြင်၊ မေးခွန်းမေးရမှာလည်း ဖြေချင်သလို၊ မဖြေသလို လုပ်ခဲ့တာကြောင့် လူကြီး-လူငယ် ယဉ်ကျေးမှုကို အလေးထားတဲ့ ကိုရီးယားအသိုင်းအဝိုင်းမှာ ဝေဖန်စရာ ဖြစ်ခဲ့တာပါ။

ဒါ့အပြင် တရုတ်နိုင်ငံမှာ Communist Party နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကျင်းပတာကို NCT Dream အဖွဲ့ဝင်တွေဖြစ်တဲ့ Renjun နဲ့ Chenle တို့ ဂုဏ်ပြုခဲ့တာ၊ ကိုရီးယားစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ် Idol တွေ တင်တာကိုလည်း မကျေမနပ်ဖြစ်နေကြပါတယ်။

ဒါကြောင့် ကိုရီးယားတွေဟာ NCT Dream အဖွဲ့ဝင် Renjun နဲ့ Chenle, EXO အဖွဲ့ဝင် Lay, Victoria, aespa အဖွဲ့ဝင် NingNing, WayV, GOT7 အဖွဲ့ဝင် Jackson, (G)I-DLE အဖွဲ့ဝင် Yuqi, SEVENTEEN အဖွဲ့ဝင်တွေဖြစ်တဲ့ The8 နဲ့ Jun တို့အပါအဝင် တရုတ် Idol တွေကို ကိုရီးယားမှာ အနုပညာလှုပ်ရှားမှု ပိတ်ပင်ဖို့ အိမ်ပြာတော်သို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာပါ။

အဲဒီလို တောင်းဆိုသူဟာ ဇူလိုင်လ (၆)ရက်နေ့အထိ (12,913)ဦးရှိနေပြီဖြစ်ပြီး တရုတ် Idol တွေကို အနုပညာလှုပ်ရှားမှုတွေ ပေးနေသရွှေ့ ဒီလိုစော်ကားခံရတာတွေ ဖြစ်နေဦးမယ်လို့ သူတို့က ယူဆနေကြပါတယ်။

Ref: KSZ

You cannot copy content of this page