— – – Shin Se Kyung နဲ့ IU ကြားက နွေးထွေးမှုက ကြားလူတွေကိုတောင် …
ဇူလိုင် (၅)ရက်က IU ရဲ့ အေဂျင်စီဖြစ်တဲ့ EDAM Entertainment က နာမည်ကျော် မင်းသမီး Shin Se Kyung ဟာ သူတို့နဲ့ လက်တွဲခဲ့ပြီး Shin Se Kyung ဟာ EDAM အတွက် IU ပြီးနောက် ဒုတိယမြောက်အနုပညာရှင် ဖြစ်လာခဲ့တယ်လို့ ကြေညာခဲ့တာပါ။
EDAM Entertainment ရဲ့ ကြေညာချက်ထွက်ပေါ်လာပြီးနောက်မှာ IU က Shin Se Kyung ကို ကြိုဆိုတဲ့အနေနဲ့ EDAM က Shin Se Kyung ပုံနဲ့ကြေညာထားပုံနဲ့ “Oh yay ငါ့ရဲ့ မိသားစုဝင်သစ်လေး”ဆိုပြီး ကြက်ပေါက်ပုံလေးတွေနဲ့အတူ အသည်းပုံကို သူ့ရဲ့ IG Story မှာ တင်ခဲ့တာပါ။
IU ရဲ့ ကြိုဆိုမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ Shin Se Kyung ကလည်း သူ့ရဲ့ IG Story မှာ EDAM Entertainment က ပေးတဲ့ ကိတ်မုန့်လက်ဆောင်ကို အချစ်တော်ခွေးလေးနဲ့အတူ ဖော်ပြခဲ့ပါတယ်။
ဒါတင်မကသေးဘဲ Shin Se Kyung ဟာ IU လက်မှတ်ထိုးပေးထားတဲ့ Album ကို ဖော်ပြခဲ့ပြီး “ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြရအောင်။ ကျေးဇူးတင်ပါတယ်”ဆိုပြီး ရေးသားခဲ့တာပါ။
အသက် (၃၀)ရှိပြီဖြစ်တဲ့ Shin Se Kyung ဟာ ၁၉၉၈ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့သူဖြစ်ပြီး IU ကတော့ အသက် (၂၈)နှစ်ရှိပြီဖြစ်ကာ ၂၀၀၈ ခုနှစ်က အနုပညာလောကကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
Ref: Soompi