K pop

■ RM နဲ့ Nayeon High-Five လုပ်ခဲ့သလား ?

— – – ခုတလော TikTok, Instagram နဲ့ YouTube မှာ RM နဲ့ Nayeon တို့ High-Five လုပ်ခဲ့သလား ဆိုတာ …

၂၀၁၉ ဇန်နဝါရီက ကျင်းပခဲ့တဲ့ Seoul Music Awards က BTS အဖွဲ့ခေါင်းဆောင် RM နဲ့ TWICE အဖွဲ့ဝင် Nayeon တို့ရဲ့ ဗီဒီယိုဖိုင်အဟောင်းလေးတစ်ခု TikTok, Instagram နဲ့ YouTube တို့မှာ ရေပန်းစားနေပါတယ်။

အောက်က ဗီဒိယိုမှာ K-Pop Idol တွေ စင်မြင့်ပေါ် လမ်းလျှောက်ရင်း သူတို့ရဲ့ ပရိသတ်တွေကို နှုတ်ဆက်နေတာကို မြင်ရမှာဖြစ်ပြီး RM နဲ့ Nayeon တို့ မျက်နှာချင်းဆိုင်တွေ့ခဲ့တာကို မြင်ရမှာပါ။

အောက်မှာ မြင်တဲ့အတိုင်းပါပဲ Nayeon ရဲ့ လက်ဟာ RM ဘက်ကို ဦးတည်နေတာဖြစ်ပြီး တို့ အဲဒီမှာ RM နဲ့ Nayeon တို့ High-Five လုပ်ခဲ့သလားဆိုပြီး ပရိသတ်တွေ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

သူတို့အရှေ့မှာ Cha Eun Woo နဲ့ J-Hope တို့ ပွေ့ဖက်နှုတ်ဆက်ခဲ့တာကြောင့် မြင်ကွင်းက မရှင်းဘဲ သို့လော သို့လော ဖြစ်ခဲ့ရတာပါ။

ဒါပေမဲ့ အောက်က ဗီဒီယိုမှာတော့ RM နဲ့ Nayeon တို့ High-Five လုပ်ခဲ့သလား ဆိုတဲ့မေးခွန်းကို ဖြေဖို့ ပိုရှင်းတဲ့ မြင်ကွင်းကို မြင်ရမှာပါ။

ဒီဗီဒီယိုအရ RM နဲ့ Nayeon တို့ High-Five လုပ်ခဲ့ခြင်းမရှိဘဲ သူတို့နှစ်ယောက်က စင်ပေါ်ကနေ ပရိသတ်တွေကို လက်ပြနှုတ်ဆက်တာသာ ဖြစ်ပါတယ်။

Ref: KSZ

You cannot copy content of this page