Cele

■ Running Man အစောပိုင်းတုန်းက Lee Kwang Soo အပေါ် အထင်လွဲခဲ့ခြင်းကို Song Ji Hyo ဖွင့်ဟ

— – – Song Ji Hyo ရဲ့ဝန်ခံမှုကို အဖွဲ့ဝင်တွေအားလုံးရယ်ခဲ့ကြပြီး ဒါက အဓိပ္ပာယ်ရှိတယ်လို့ …

Song Ji Hyo က Running Man မှာ ပါဝင်ခဲ့တဲ့ အစောပိုင်းကာလတွေတုန်းက Lee Kwang Soo အပေါ် အထင်လွဲခဲ့တာနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တွေကို ရင်ဖွင့်ခဲ့ပါတယ်။

Song Ji Hyo က “Running Man ကို ကျွန်မ Cast Member အဖြစ် စဝင်တဲ့အချိန်မှာ အဖွဲ့ဝင်တွေဟာ မကြာခဏ ဆိုသလို တွေ့ဆုံပြီး အပြင်ထွက်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်မကို တစ်ခါမှ မပါပါခဲ့ဘူး။

ဒါပေမဲ့ Kwang Soo ကတော့ ကျွန်မဆီကို ဖုန်းဆက်ပြီး အားလုံးနဲ့တွေ့ဖို့ ခေါ်လေ့ရှိတယ်။ သူ တကျီကျီနဲ့ ဖုန်းဆက်တော့ ကျွန်မ အထင်လွဲခဲ့ပါတယ်။ Kwang Soo ကျွန်မကို ရိုက်ချင်လို့ ခေါ်တယ်ပဲ ထင်ခဲ့တာ။ ဘာလို့လဲဆိုတော့ သူက အမြဲတမ်း ခေါ်နေတာကို”လို့ ဆိုပါတယ်။

Song Ji Hyo ရဲ့ ပြောစကားကို ကြားပြီးနောက်မှာတော့ Running Man အဖွဲ့ဝင်တွေ လက်ခုပ်လက်ဝါးတီး ရယ်ခဲ့ကြပြီး “Ji Hyo အဲဒီလိုတွေးတာ အဓိပ္ပာယ်ရှိတယ်”လို့ ထောက်ခံကြတာပါ။

Song Ji Hyo က ဆက်ပြီးတော့ “ဒါနဲ့ သူက ဖုန်းတွေတောက်လျှောက်ဆက်တော့ ကျွန်မ စိတ်တိုပြီး ငါ့ကို အချိန်တိုင်း ဒီလိုမျိုးဖုန်းတွေ ခေါ်မနေနဲ့ဆိုပြီးတော့တောင် ငေါက်ခဲ့မိတယ်။ ဒါပေမဲ့ အဲဒီလို ငေါက်လိုက်ပြီးကတည်းက သူ ကျွန်မဆီကို ဖုန်းမဆက်တော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

Lee Kwang Soo နဲ့ Song Ji Hyo တို့ဟာ Running Man မှာ အတူပါဝင်ရင်း မောင်နှမတွေလို ချစ်ခင်ကြသူတွေဖြစ်ပြီး Lee Kwang Soo ထွက်ခွာတုန်းက Song Ji Hyo ငိုခဲ့ပါသေးတယ်။

Ref: Soompi

You cannot copy content of this page