Articles

■V ကို အနီးကပ်တွေ့မြင်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဖွင့်ဟချက်

– – -V ကို Visual King လို့ ဘာကြောင့် သတ်မှတ်ထားသလဲဆိုတာ အဲဒီဝန်ထမ်းကောင်းကောင်း သဘောပေါက်သွားခဲ့ပါတယ်။

BTS အဖွဲ့ဝင် V ဟာ ဆွဲဆောင်မှုရှိလွန်းပြီး ပရိသတ်တွေအားလုံးကို ဖမ်းစားနိုင်သူပါ။ ဒါကြောင့် V ကို Visual King ရယ်လို့ သတ်မှတ်ထားခဲ့ကြတာပါ။ V ရဲ့ Visual ဖြစ်မှုကို ပရိသတ်တွေသာမကဘဲ Idol အချင်းချင်းကလည်း ချီးကျူးထားကြတာပါ။

အခုအခါ Run BTS အစီစဉ်မှာ ဂိမ်းကစားရာမှာ V ရဲ့ အနီးကပ်ဝန်ထမ်းအဖြစ် ဆောင်ရွက်သူတစ်ယောက်က V ရဲ့ Visual ဖြစ်လွန်းမှုကို ဖွင့်ဟခဲ့ပါတယ်။ သူ့အနေနဲ့ V ကို အနီးကပ်တွေ့မြင်လိုက်ရချိန်မှာ တော်တော်လေး အံ့အားသင့်မိတယ်လို့ ဆိုသွားခဲ့တာပါ။

“ဗီဒီယိုတွေက V ရဲ့ချောမောမှုကို အပြည့်အ၀ မဖော်ပြနိုင်ဘူး။ ကျွန်တော့်အနေနဲ့ ဘဝမှာ ဒီလိုနှာခေါင်းမျိုးရှိတဲ့သူကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ V ရဲ့ နှာခေါင်းက ရှည်ပြီး စမတ်ကျတယ်။ သူက ဘာကြောင့် ဒီလောက်ကြည့်ကောင်းနေရတာပါလိမ့်။ V ရဲ့အလှက ကြည့်ကောင်းတယ်ဆိုတာနဲ့ မလုံလောက်ပါဘူး။ ကမ္ဘာပေါ်က ပန်းပုဆရာတွေအားလုံးစုပြီး အလွန်ကြည့်ကောင်းတဲ့ မျက်နှာတစ်ခုကို ပုံဖော်ထားသလိုပါပဲ”
-V ကို အနီးကပ်တွေ့မြင်ခဲ့ရတဲ့ ဝန်ထမ်း

အဲဒီဝန်ထမ်းရဲ့ ပြောဆိုချက်ဟာ Weverse ထဲမှာလည်း ပျံ့နှံ့ရေပန်းစားခဲ့ပြီး ARMY တွေက သူ့ရဲ့ပြောဆိုချက်တွေကို အလွန်သဘောကျလျက်ရှိနေပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း

မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page